အခန်း (၉၇၉) : အရူးတစ်ယောက် သေချင်နေတာကို ဘယ်သူမှတားလို့မရဘူး
“ အဖြူရောင်မြူခိုးထဲက အဆိပ်တွေကြောင့် အခုလို ထပ်ဖြစ်နေတာလား” ဂူမန်မန်က သံသယရှိစွာဖြင့် မေးလိုက်သည်။
လီရာက ခေါင်းယမ်းပြကာ ဂူမန်မန်၏ ရှေ့ကနေ ပိတ်ကာ ကာကွယ်ထားလိုက်သည်။ သူက ခေါင်းပြန်လှည့်ကာ ပြောလိုက်သည်
“ သူ့ရဲ့မျက်နှာထားက အရမ်းရင်းနှီးတယ်လို့ မထင်ရဘူးလား”
ဂူမန်မန်က မမြင်ဖူးသည့်အတွက် မျက်မှောင်ကြုတ်ထားလိုက်သည်။
လီရာက သက်ပြင်းဖွဖွချကာ ပြောလိုက်သည်
“ အင်း…ကိုးလ်ကကျတော့ ပဉ္စမအဆင့်သားရဲဆိုတော့ မိတ်ဖက် စာချုပ်ပျက်သွားလည်း ဘာမှမခံစားရဘူးလေ”
“ စာချုပ်ပျက်တယ် ဟုတ်လား” ဂူမန်မန် ပြောရင်း စဉ်းစားကြည့်လိုက်သည်။ သူမက အရင်တစ်ခေါက်က ကိုးလ်ကို အနိုင်ရဖို့အတွက် မိတ်ဖက် စာချုပ် ပျက်အောင်လုပ်ခဲ့ဖူးသည်။
အဲ့ဒီနေ့တုန်းက ကိုးလ်လည်း နာကျင်မှုကို ခံစားခဲ့ရသော်လည်း အခု လီယိုနာ့ဒ်လောက်တော့ မဆိုးပေ။ ညည်းညူရင်း မြေပြင်ပေါ်မှာ လူးလိမ့်နေရသည်။
“ ဒိုရာ တစ်ခုခုဖြစ်လို့လား” လီရာဆိုလိုတာကို နားလည်ပြီးနောက် ဂူမန်မန်ကို မေးလိုက်သည်။
လီရာက ခေါင်းညိတ်ကာ ပြောလိုက်သည်
“ ဖြစ်နိုင်တယ်”
ဂူမန်မန်လည်း လီယိုနာ့ဒ် နာကျင်နေတာကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်နေမိတော့သည်။
သူ့ကို ကယ်နိုင်တဲ့သူမရှိတာကြောင့် မိတ်ဖက်စာချုပ် ပျက်စီးသွားတာကို ကြိတ်ခံရုံအပြင် မရှိတော့ပေ။
“ ဇာချာရီးရက်စ်မျိုးနွယ်စုက တောအုပ်ထဲမှာရှိပြီးတော့ အကာကွယ်နဲ့နေတာမလို့ မျိုးနွယ်စုအတွင်းမှာရှိတဲ့ ဒိုရာကို ဘယ်သူကများ ဘာလုပ်နိုင်မှာလဲ….” ဂူမန်မန်လုံးဝကို နားမလည်တော့ပေ။
လီရာက ရွံရှာစွာပြုံးကာ ပြောလိုက်သည်
“ ဇာချာရီးရက်စ်က လုံခြုံပေမဲ့ အရူးတစ်ယောက် သေကြောင်းကြံရင်တော့ ဘယ်သူမှတားနိုင်မှာ မဟုတ်ဘူး”
ESTÁS LEYENDO
အလှလေး ရှောင်မန် Book 5 (645- 994)
Romancesequel of book 4 translation of Beauty and the beast wolf hubby xoxo all crd to original Author su yujin you can read in webnovel