အခန်း (933 & 934)

460 69 0
                                    

အခန်း (၉၃၃) : လောင်းကစားတစ်ခု

၂၆ယောက်လုံးက အချင်းချင်းကြည့်နေပြီး ပြောစရာတွေများနေသော်လည်း မပြောရဲသည့်ပုံဖြစ်နေသည်။

အဲလ်ဗစ်က လှောင်ရယ်ကာ ပြောလိုက်သည်

“ မင်းတို့အသက်အတွက် တိုက်ခိုက်နေရင် အဲ့လောက်ထိ တွေဝေနေတာမျိုးကို ငါမတွေ့ဖူးပါဘူး။ အခု ပြောဖို့အချိန်ရောက်မှ ဘာဖြစ်နေကြတာလဲ။ အခုလို ခရီးအရှည်ကြီး ရောက်လာတာ တုံးအနေဖို့လား”

အဲလ်ဗစ်ရဲ့ စကားက သူတို့အားလုံးရဲ့အရှိုက်ကို ထိသွားသည်။

ထို့ကြောင့် သူတို့ထဲက တစ်ယောက်က စကားစပြောသည်

“ တမန်တော် ကျတော်တို့ မျိုးနွယ်စုဝင် အသစ်တွေကို ခေါ်ခဲ့တယ်ဆိုတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အဲ့ဒီသူတွေက မြွေဘုရင်တောင်ကြားကို တိုက်ခိုက်ခဲ့တဲ့သူတွေ မဟုတ်ပါဘူး။ သူတို့က ရိုးသားပါတယ်”

ဂူမန်မန် ဘာမှပြန်မပြောခင် လီရာက အနားကပ်ကာ ပြောလိုက်သည်

“ အခုပြောနေတဲ့တစ်ယောက်က လီယိုနာ့ဒ်လေ…သူက စတုတ္ထအဆင့်သားရဲဖြစ်ပြီးတော့ ဇာခရီးရက်စ် မျိုးနွယ်စုရဲ့ခေါင်းဆောင်။ သူ့ရဲ့ဘေးကတော့ ဒုတိယအဆင့် သင်းခွေချပ်သားရဲဖြစ်တဲ့ နစ်ခ်လေ။ သူတို့က နဇိုင်းရယ်နဲ့ တော်တော်လေး ဝေးတဲ့နေရာမှာနေတယ်။ သူတို့သိပ်ပြီးတော့ မဆက်ဆံဖူးဘူး။ သူတို့က ပီတာရဲ့ပိုင်နက်နဲ့ နီးတယ်။ ဒါပေမဲ့ သူတို့ဆီက အမျိုးသမီးတွေကို ဘယ်တော့မှ အလုမခံရဖူးဘူး။ အဲ့တာကြောင့် သူတို့က အတော်လေး အင်အားရှိတဲ့သူတွေလို့ သတ်မှတ်နိုင်တယ်”

ဂူမန်မန်က နားလည်ပြီဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

သူမက ပုံမှန်မျက်နှာထားအတိုင်း ပြောလိုက်သည်

“ ရိုးသားတယ်…..မြွေဘုရင်တောင်ကြားက ဘယ်လိုနေရာမျိုးမလို့လဲ။ အဲ့လောက် လူနည်းနည်းလေးနဲ့ အေးခဲလှတဲ့ ဆောင်းတွင်းကြီးမှာ အဲ့ဒီကိုသွားဖို့ လမ်းရှာတွေ့တယ်တဲ့လား။ ယုံချင်စရာကောင်းလို့လား”

သူတို့စိတ်ထဲလည်း လေးလံသွားရသည်။

အမှန်တကယ်မှာလည်း ယုံချင်စရာမကောင်းပေ။

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora