အခန်း (676)

705 81 3
                                    

အခန်း (၆၇၆) : ဒယ်ဒီလီရာ….ကျတော်တို့ ဒီနေ့ ဖမ်းချုပ်ခံရခြင်းဆိုတဲ့ ကစားနည်းကို ကစားကြမလား

ဂူမန်မန်က အဲလ်ဗစ် ပြောတာကို နားလည်သည်
“ အဲ့ဒါဆို ကိုးလ်က ကျမကို ပြန်ပေးဆွဲဖို့အတွက် ဘာကီကို ထားထားတာလား”

လီရာက ဂူမန်မန်ကို မော့ကြည့်ရင်း ပြောလိုက်သည်
“ ကိုယ်ကတော့ အဲ့လိုမထင်ဘူး။ ဘာကီနဲ့မင်းက ….. မျိုးနွယ်စုအပြင်ဘက်နေ ကိုယ့်အတွက် ယူလာပေးတဲ့ ကစားစရာတွေလိုပဲ။ ကောင်းတယ်ဆိုတဲ့ ပုံစံမျိုးပြချင်တာလေ”

အဲလ်ဗစ်က ဝင်ပြောလိုက်သည်
“ ဒါမှမဟုတ် ဉာဏ်များနေတာလည်း ဖြစ်နိုင်တာပဲ”

ဂူမန်မန် ထထိုင်ကာ ပြောလိုက်သည်
“ ဒါဆို ရှင်ပြောချင်တာက…..သူတို့က ကန်ဝူတို့ကို ပြန်ပေးဆွဲပြီး ကျမကို ခြိမ်းခြောက်ချင်တယ်ဆိုတဲ့သဘောလား”

လီရာက ဂူမန်မန်၏ပုခုံးကို ကိုင်ကာ ချော့မော့ပြောဆိုလိုက်သည်
“ အဲ့လိုသာဆိုရင် ဘာကီက ကန်ဝူတို့နဲ့ တပူးတွဲတွဲ နေမှာ မဟုတ်ဘူး။ ကိုးလ်က ဘာကီကို ငါးစာအဖြစ်ပဲ သုံးထားတာ။ ကိုယ်တို့က သူ့ကိုမျက်ခြေမပြတ် စောင့်ကြည့်နေသ၍ သူ့မှာ ဘာအခွင့်အရေးရှိမှာလဲ”

ဂူမန်မန်က စိုးရိမ်နေဆဲပင်ဖြစ်သည်။ အခုတလော သူမရဲ့ကလေးတွေက ဘာကီနဲ့အရမ်းအနေနီးလွန်းသည်။ ဘာကီသာ သူတို့ကို ပြန်ပေးဆွဲမယ်ဆိုလျှင် အောင်မြင်နိုင်ချေများသည်။

အဲလ်ဗစ်က ဂူမန်မန်၏ခေါင်းလေးကို ကိုင်ရင်း ပြောလိုက်သည်
“ စိတ်မပူပါနဲ့ အီရန်နဲ့သူ့လူတွေက သူတို့ကို စောင့်ကြည့်နေပါတယ်။ ဒီဝံပုလွေပေါက်လေးတွေ မင်းကို အန္တရာယ်တွင်းထဲ  ထပ်ကျအောင် လုပ်တာကိုလည်း ကိုယ်ခွင့်မပြုနိုင်ပါဘူး”

ဂူမန်မန်က သိချင်တာရှိတာကြောင့် ချက်ချင်းမေးလိုက်သည်
“ ကန်ဝူတို့က အခုတလော ဘာကီနဲ့ အရမ်းအနေနီးလွန်းတယ်။ ကျမ အဲ့ဒါကို မကြိုက်ဘူး။ ရှင် သူတို့ကို ဘာကြောင့် ကိုယ်တိုင် သင်မပေးတာလဲ။ ရှင်က အရမ်းအားကြီးတယ်လေ။ ရှင်က ဘာကီထက်ပိုပြီးတော်တဲ့ ဆရာတစ်ယောက်ဖြစ်မှာလည်း သေချာတယ်”

အလှလေး ရှောင်မန် Book 5 (645- 994)Où les histoires vivent. Découvrez maintenant