အခန်း (965 & 966)

404 68 1
                                    


အခန်း (၉၆၅) : ကျမက လူကုန်ကူးဖို့တော့ သဘောတူမှာ မဟုတ်ဘူးနော်

ဂူမန်မန် အံ့ဩစွာဖြင့် လီရာကို ကြည့်ကာ ပြောလိုက်သည်

" ရှင် လုပ်တတ်တယ်လား"

လီရာက တွေဝေသည့်ပုံဖြင့် မဖြေပေ။ သူက ပြုံးကာ ဂူမန်မန်ကို ပြန်မေးလိုက်သည်

" ကိုယ် လုပ်နိုင်ဖို့ မျှော်လင့်လား"

အဲ့တာက သူ လုပ်နိုင်တယ်လို့ ဆိုလိုတာပဲ

ဂူမန်မန်က ခပ်ဖွဖွရယ်ကာ လီရာ၏ လက်မောင်းကို ဆွဲဆိတ်လိုက်သည်။ ထို့နောက် လီယိုနာ့ဒ်ကို ကြည့်ကာ ပြောလိုက်သည်

" အဲ့တာဆိုလည်း ကျမ ရှင်တောင်းဆိုတာ သုံးခုလုံးကို သဘောတူတယ်"

ဂူမန်မန် ပြောပြီး လီယိုနာ့ဒ်က် ကျေးဇူးတင်စကား ပြန်မပြောရသေးခင်မှာပဲ ဒိုရာက ကြားဖြတ်ပြောလိုက်သည်

" ခဏလောက်နေပါဦး"

ပီတာက သူမရဲ့လည်ပင်းကို ညှစ်ထားဆဲဖြစ်သည့်အတွက် အသံက အားပျော့နေသည်။

ဂူမန်မန် လက်ယမ်းပြလိုက်တော့ ပီတာက ဘာမှမဖြစ်တဲ့ပုံစံဖြင့် ဂူမန်မန်၏ ဘေးသို့ ပြန်ရောက်လာသည်။

လွတ်မြောက်သွားသော ဒိုရာကတော့ ကျားဖြူပေါ်မှာ လဲလျောင်းနေရင်း အသက်ဝဝရှူပြီးမှ ဂူမန်မန်ကို မော့ကြည့်ကာ ပြောလိုက်သည်

" တတိယတောင်းဆိုချက်ကို ပြင်ချင်လို့ပါ"

ဂူမန်မန်ကတော့ ဒိုရာကို အထင်သေးသည့်ပုံဖြင့် ကြည့်နေသည်။ အရိုးသားဆုံးပြောရရင် ဂူမန်မန်အနေနဲ့ ဒိုရာကို လုံးဝ အကောင်းမမြင်ပေ။

အကြောင်းအရင်းကတော့ ရိုးရှင်းသည်။ ဂူမန်မန်က မယ်လင်ဒါကို သဘောကျသည့်အတွက် သူမကို အနိုင်ကျင့်သူတွေ အားလုံးကို မုန်းသည်။

သို့သော် အမုန်းတရားက ဖျက်စီးခြင်းဟု မဆိုလိုပေ။ သူမလည်း ပြဿနာမရှာသ၍ ဂူမန်မန်လည်း မသိသလို ဟန်ဆောင်နေပေးမည်ဖြစ်သည်။

သို့သော် သူမက စပြီးပြောပြီဆိုတော့လည်း ပြောတာကို ကြားချင်မိသည်။ မယ်လင်ဒါကို ဖမ်းထားဖို့အတွက် အကြံပေးခဲ့သူက ဒိုရာဆိုတော့ သူမ ဘာတောင်းဆိုမလဲဆိုတာကို ဂူမန်မန် သိချင်မိသည်။

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora