အခန်း (၈၈၅) : သူတို့က မျိုးရိုးမှ မတူတာ….ဘယ်လိုလုပ်ပြီးတော့ သားအဖတွေ ဖြစ်နိုင်မှာလဲ
စန္ဒီက ခေါင်းယမ်းကာ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်
“ နင်က သားရဲနတ်ဘုရားရဲ့ တမန်တော်လေ။ နင် ရွေးပေးတဲ့နာမည်က လုံးဝကို ခြားနားမှုရှိမှာပဲ”
စန္ဒီ ဆိုလိုတာကို နားလည်သောကြောင့် ဂူမန်မန်က ခပ်ဖွဖွရယ်လိုက်သည်။
ကမ္ဘာပေါ်မှာ မိဘတိုင်းက အတူတူပင်ဖြစ်သည်။ သူတို့ရဲ့ကလေးတွေအတွက် အကောင်းဆုံးတွေကိုသာ ပေးချင်ကြသည်။
ဂူမန်မန် ခေါင်းညိတ်ကာ ပြောလိုက်သည်
“ အင်းပါ….နင် ကလေးမွေးပြီးရင် သူတို့အတွက် ငါနာမည်ရွေးပေးမယ်”
စန္ဒီက ပြုံးကာ ပြောလိုက်သည်
“ နင်က အကောင်းဆုံးပဲဆိုတာ ငါသိတယ်”
အမျိုးသမီးနှစ်ယောက် ဆုံတဲ့အချိန်မှာတော့ ပြောစရာအကြောင်းတွေက မကုန်နိုင်တော့ပေ။ သူတို့က အချိန်အကြာကြီး စကားပြောနေကြပြီး အမျိုးသားလေးယောက်ကိုတော့ ဝင်ပြောခွင့်မပေးကြပေ။
ဂူမန်မန်က ချီရွှမ်နဲ့ အော့လေကြောင့် အချိန်အတော်ကြာ ဝမ်းနည်းနေရသည့်အတွက် သူမ အခုလို ရယ်ရယ်မောမောရှိတာကိုပဲ အဲလ်ဗစ်နဲ့ လီရာက ပျော်နေပြီဖြစ်သည်။ ထို့ကြောင့် သူတို့လည်း အတတ်နိုင်ဆုံး သဝန်မတိုအောင် ထိန်းထားရသည်။
ဘိုဒီနဲ့ ကောလင်းကတော့…..
စန္ဒီက အခုတလော အိမ်မှာ အရမ်းသောင်းကျန်းနေသည်။ အဲ့တာကြောင့် သူတို့လည်း ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့သည်။ သူမ တစ်ယောက်ယောက်ကို စကားပြောပြီးရယ်မောနေသလို အဲ့ဒီသူက ဂူမန်မန်ဖြစ်နေသည့်အတွက် သူမရဲ့ အမျိုးသားနှစ်ယောက်သာ အဆင်ပြေတယ်ဆိုပါက စန္ဒီနဲ့ ဂူမန်မန်ကို စကားတွေအများကြီး ပြောစေချင်သေးသည်။ ထိုအခါမှသာ စန္ဒီလည်း ပျော်ရွှင်လာမည် ဖြစ်သည်။
“ ဟေး….နင့်ရဲ့ ကိုးလ်ရော ဘယ်မှာလဲ။ ငါ ဘာလို့ သူ့ကို မမြင်မိတာလဲ” စန္ဒီရဲ့စကားက လူတိုင်းကို ထိတ်လန့်သွားစေသည်။
YOU ARE READING
အလှလေး ရှောင်မန် Book 5 (645- 994)
רומנטיקהsequel of book 4 translation of Beauty and the beast wolf hubby xoxo all crd to original Author su yujin you can read in webnovel