အခန်း (၈၆၉) : ပထမဆုံးမိတ်ဖက်ခြင်း နှစ်ပတ်လည်
လူကြီးနှစ်ယောက်နဲ့ ကလေးသုံးယောက်က ဂူမန်မန်ကို ဝိုင်းထားပြီး ကစားနေကြတာကြောင့် သူတို့ပျော်ရွှင်နေတာကို ကြည့်ပြီး ဂူမန်မန်ရဲ့ စိတ်ညစ်မှုတွေပါ ပြေပျောက်သွားရသည်။
သူမ ပျော်ရွှင်နေတာကိုကြည့်ပြီး အဝေးကနေ ကြည့်နေသော မျက်လုံးတစ်စုံကလည်း မှေးမှိန်သွားရသည်။
စိတ်ပျက်မှုလား စိတ်ချတာလားဆိုတာတော့ မသေချာပေ။ သိပ်မကြာခင်မှာပဲ သူလည်း အဲ့ဒီနေရာကနေ ကွယ်ပျောက်သွားတော့သည်။
ဆာရူဒါရဲ့ ကျောက်တုံးအိမ်တွေထဲက တစ်အိမ်မှာတော့ ကိုးလ်က အဲ့ဒီအိမ်ရဲ့အမြင့်ဆုံးနေရာမှာထိုင်နေရင်း သူ့ရဲ့အကြည့်တွေကို နံရံပေါ်ရှိ ကျောက်ပြားပေါ်သို့ ပို့ထားလိုက်သည်။
ဟား…ဟား….ဂူမန်မန်က သူနဲ့ စိတ်ဆိုးစိတ်ကောက်ဖြစ်ခဲ့တယ်မဟုတ်လား။ အဲ့တာကို ပြန်စဉ်းစားတဲ့အခါ သူမရဲ့ ပါးနပ်တဲ့အပြုံးကို စဉ်းစားမိဆုံးပဲ
အင်း……သူမက ချစ်စရာကောင်းတဲ့ မြေခွေးပေါက်လေးပဲ
သူ့ရဲ့ စွမ်းရည်တွေက ဒီကျောက်ပြားမှာထွင်းထားတဲ့ စာတွေကြောင့် ရတာမှန်း သူမ သိတယ်ဆိုတာကို ပြောပြချင်နေတာမလား
ဒါဆို….အာဂူက သူ့အကြောင်းတွေးရင်းနဲ့ ဒီကျောက်စာကို ထွင်းခဲ့တာပေါ့ ဟုတ်လား
ဒါက လုံးဝ ကောင်းတဲ့ လက်ဆောင်တစ်ခုပဲ
ဝင်ပေါက်နေ တွန့်လိမ်နေသော အသံကိုကြားလိုက်ရ၍ မကြည့်ပဲနဲ့တောင် ဘယ်သူဆိုတာကို တန်းသိသည်။
ကိုးလ်က နူးညံ့စွာ မေးလိုက်သည်
“ သူမ အဆင်ပြေရဲ့လား”
ချီရွှမ်က မပြတ်မသားပုံစံဖြင့် အသံအနည်းငယ်ပြုလိုက်သည်။
“ အားကျလို့လား။ ဒါဆို မင်း ဘာလို့ မသွားတာလဲ။ မင်းသာ ပြန်သွားမယ်ဆိုရင် သူမက သေချာပေါက်ပျော်မှာပဲ” ကိုးလ်က ပြောရင်း ချီရွှမ်ကို သူ့ပေါင်ပေါ်တက်လာဖို့ အချက်ပြလိုက်သည်။
ESTÁS LEYENDO
အလှလေး ရှောင်မန် Book 5 (645- 994)
Romancesequel of book 4 translation of Beauty and the beast wolf hubby xoxo all crd to original Author su yujin you can read in webnovel