အခန်း (715 & 716)

644 70 0
                                    

အခန်း (၇၁၅) : ဘယ်လိုဖြေရှင်းချက် ဘယ်လိုညှိနှိုင်းမှုမျိုးလဲ

“ အရင်တုန်းက အရမ်းခင်ခဲ့တဲ့ပုံစံမျိုး လာမလုပ်ပါနဲ့။ ကျမဆီမှာ ရှင့်လို ယုတ်မာတဲ့သူ မရှိခဲ့ဖူးဘူး။ ပြော….ရှင် နဇိုင်းရယ်ရဲ့ အပြင်ဘက်မှာ ဘာလို့ ချောင်းနေရတာလဲ” ဂူမန်မန်၏အသံရော အကြည့်ကပါ အေးစက်နေသည်။ သူမက အဲ့လိုလုပ်ဖို့တမင် အားထုတ်လိုက်ရတာမျိုး မဟုတ်ပဲ စစ်မှန်သောအုပ်ချုပ်သူတစ်ယောက်ဖြစ်တဲ့ စနိတ်ခ်ရဲ့သွေးတွေက သူမထဲမှာ စီးဆင်းနေတာကြောင့် ထိုစရိုက်က လွယ်လွယ်နဲ့ လျစ်လျူရှုထားလို့မရပေ။

ထိုမျက်နှာလေးကြောင့် ကိုးလ်ရဲ့မျက်လုံးတွေက အရောင်တလက်လက် ဖြစ်နေသည်။ သူကြည့်လေလေ ပိုပြီး ပိုင်ဆိုင်ချင်လေလေ  ဖြစ်သည်။

သူမက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ  ဆန္ဒ  တောင့်တမှုကို ကျေနပ်နေပုံကို စိတ်ကူးယဉ်ကြည့်ရင်း အဲ့လိုသာဖြစ်ပါက ဘယ်လောက်တောင် ကောင်းလိုက်မလဲဟု တွေးနေသည်။

ရုတ်တရပ် လူသတ်ဖြတ်တော့မဲ့ အငွေ့အသက်ကို ခံစားလာရသည်။

ခဏလောက်လေးပဲဆိုပေမဲ့ ကိုးလ်ကို ကြက်သီးမွေးညင်းများ ထသွားစေသည်။

ကိုးလ်က အဲ့ဒီအငွေ့အသက်ရှိရာကို ကြည့်လိုက်တော့ အဲလ်ဗစ်ရဲ့အပြာရောင်မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံမိသည်။

ကိုးလ်က မြေပြင်ပေါ်တွင် ဒူးထောက်ထားရင်း ဂူမန်မန်ကို မော့ကြည့်ကာ ပြုံးပြပြီး ပြောလိုက်သည်
“ မင်းက ရတနာငါးမျိုးကို ရှာလို့မတွေ့သေးခင်မှာ သခင်လေးချီရွှမ်ရဲ့ခန္ဓာကိုယ်က တောင့်ခံဖို့အားနည်းလာမှာကို စိုးရိမ်လို့ပါ။ မင်းက ကိုယ့်ကိုရှာချင်ပေမဲ့ ရှာလို့ မတွေ့မှာစိုးလို့ပါ။ အဲ့ဒါကြောင့် ကိုယ်ပဲ မင်းဆီကို လာလိုက်တာ”

ဂူမန်မန်၏ ဇွန်းက လေထဲမှာတင် ရပ်တန့်သွားသောကြောင့် လီရာကခေါင်းထောင်ကာ အသားကို စားလိုက်ရင်း ဂူမန်မန်ပေါင်ပေါ်ပြန်လှဲကာ ကိုးလ်ကိုကြည့်ပြီး ပြောလိုက်သည်
“ အင်း…ငါတို့ရဲ့ ဝံပုလွေပေါက်လေးက တဖြည်းဖြည်းပိန်လာပြီ။ မင်းမှာ ဘာဖြေရှင်းနည်းရှိလဲ။ ပြီးတော့ ဘယ်လိုသဘောတူညီမှုတွေ လုပ်ရမှာလဲ။ အကုန်လုံးကိုသာ တစ်ခါထဲပြောလိုက် ငါတို့အိမ်ထဲက လေကို လာပြီး ဖြုန်းတီးမနေနဲ့”

အလှလေး ရှောင်မန် Book 5 (645- 994)Where stories live. Discover now