အခန်း (707 & 708)

655 77 0
                                    

အခန်း (၇၀၇) : နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီ

“ ဟုတ်သားပဲ….ကျမတို့ ဘာကီနဲ့ကလေးတွေကို ဘယ်လိုလုပ်ကြမလဲ” ဂူမန်မန် မေးလိုက်သည်။

အဲလ်ဗစ်က ပြန်ဖြေလိုက်သည်
“ ဘာကီရဲ့ ဒဏ်ရာတွေက အတော်လေး ပြင်းပေမဲ့ သူ အသက်တော့  ရှင်ဦးမှာပါ။ ကလေးတွေက လီရာ  ဆေးခတ်ထားတာကို ခံထားရတော့ ရက်အနည်းငယ်အတွင်း ပြန်ကောင်းသွားမှာပါ။ သူတို့ကို နဇိုင်းရယ်ထိ ကောလင်းကို ပြန်ခေါ်သွားခိုင်းပြီး ဂရုစိုက်ခိုင်းထားတယ်။ မင်း စိုးရိမ်စရာ မလိုတော့ဘူး”

ဂူမန်မန်က ခေါင်းညိတ်ကာ စိတ်အေးသွားရသည်။

လေးရက်လောက် အနားယူပြီးတဲ့အချိန်မှာတော့ လီရာရဲ့ ဒဏ်ရာတွေက သက်သာနေပြီဖြစ်သည်။

ဂူမန်မန်က အဲလ်ဗစ်ပေါ်သို့ မှီကာ စိုးရိမ်စွာဖြင့် ပြောလိုက်သည်
“ ရှင်တို့တွေက အရင်ကတည်းက ဒီလိုဒဏ်ရာမျိုးတွေ ရဖူးတာလား။ ကျမနဲ့ ရှိနေတဲ့အချိန်ကလွဲပြီး ကောင်းတဲ့အချိန်  မရှိဘူးလို့ ခံစားနေရလို့”

အဲလ်ဗစ်က ဂူမန်မန်၏  ခေါင်းကို ပုတ်ကာ ပြောလိုက်သည်
“ မင်းဘာတွေပြောနေတာလဲ။ အမျိုးသားတစ်ယောက် ဒဏ်ရာရတယ်ဆိုတာက ပုံမှန်ပဲလေ”

လီရာကလည်း ပြုံးကာ ပြောလိုက်သည်
“ ဟုတ်တယ်။ ကိုယ်သာ ဒဏ်ရာမရရင် မင်းကို ကိုယ့်ကြောင့် ခံစားရအောင် ဘယ်လိုလုပ်ရမှာလဲ”

သူတို့က သူမကို နှစ်သိမ့်နေတာမှန်း ဂူမန်မန် နားလည်သည်။

စန္ဒီက အဲလ်ဗစ်နဲ့လီရာ ကြုံတွေ့ခဲ့ရတဲ့ တိုက်ပွဲတွေအကြောင်းနဲ့ အန္တရာယ်ရှိတဲ့ အခြေအနေတွေကနေလည်း ဘယ်လို လွတ်မြောက်လာတယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြထားသည်။ သူတို့ရဲ့ကြိုးစားမှုတွေကြောင့် ဒီနေ့နဇိုင်းရယ်ဖြစ်လာတာကိုလည်း သူမ သိထားသည်။

သို့သော် သူမနဲ့ တွေ့တဲ့အချိန်ကစပြီးတော့ သူတို့နှစ်ယောက်လုံးက တစ်နည်းမဟုတ် တစ်နည်းနဲ့ ဒဏ်ရာရနေကြသည်။

ဂူမန်မန်က ပြုံးကာ ခေါင်းညိတ်ရင်း ပြောလိုက်သည်
“ လီရာကလည်း ပြန်ကောင်းလာပြီဆိုတော့ ကျမတို့ နဇိုင်းရယ်ကို ပြန်ရအောင်လေ။ ကျမ ကလေးတွေကိုလည်း စိတ်ပူသလို…..ကိုးလ်အတွက်လည်း ပစ္စည်းတွေကို ရှာပေးရဦးမယ်။ ကျမတို့လည်း စီစဉ်စရာရှိတာတွေကို စီစဉ်ရမယ်လေ”

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora