အခန်း (743 & 744)

713 88 1
                                    

အခန်း (၇၄၃) : စနိတ်ခ်နဲ့ အချစ်ရေးကိစ္စတွေရှိနေတာလား…….မအောင်မြင်တဲ့ ကြိုးစားအားထုတ်မှုပေါ့

အဲလ်ဗစ်က စဉ်းစားလိုက်သည်။ ဂူမန်မန်၏ဘေးက သူတွေကို ကြည့်တော့လည်း သူမ ပြောပြတဲ့ပုံနဲ့ မကိုက်ညီပေ။

သို့သော် လီရာက ချက်ချင်း သဘောပေါက်သွားပြီး ပြုံးကာ ပြောလိုက်သည်
“ မင်းပြောတာ ဝါဘယ်မလား”

ဂူမန်မန်က ခေါင်းညိတ်ကာ ပြောလိုက်သည်
“ မှန်တယ်”

လီရာက တွက်ဆထားတဲ့ပုံဖြင့် ပြောလိုက်သည်
“ သူ့က တော်တယ်ဆိုတာကိုတော့ ငြင်းလို့မရတာ အမှန်ပဲ။ ပြီးတော့ သူက စနိတ်ခ်နဲ့ နှစ်ပေါင်း၈၀၀ကျော်တောင် လေ့ကျင့်ထားတာလေ။ ဘယ်သူ့ကိုမဆို ချေမှုန်းနိုင်တဲ့ အဆင့်မှာ ရောက်နေပြီ။ ဒါပေမဲ့ သူက မင်းကို အချစ်ပြိုင်ဘက် အဖြစ် ဆက်ဆံတယ်ဆိုတာ ဟုတ်ပါ့မလား….ဖြစ်နိုင်တာက…..”

လီရာက အဲလ်ဗစ်ကို ကြည့်လိုက်သည်။

အဲလ်ဗစ်က အမြီးကိုယမ်းရင်း ပြောလိုက်သည်
“ အဲ့တာ ကိုယ်မဟုတ်ဘူးနော်”

လီရာက ပုခုံးတွန့်ကာ ပြောလိုက်သည်
“ ကိုယ်လည်း မဟုတ်ဘူး”

ဂူမန်မန်က ပါးစပ်ကို အုပ်ကာ ပြုံးရင်း ပြောလိုက်သည်
“ အဲ့တာက စနိတ်ခ်လေ”

လီရာက မျက်လုံး တလက်လက်ဖြင့် မေးလိုက်သည်
“ သူနဲ့ စနိတ်ခ်ကြားမှာ အဲ့လိုကိစ္စလေးတွေရှိတာလား”

ဂူမန်မန်က ခေါင်းယမ်းကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်
“ မအောင်မြင်တဲ့ ကြိုးစားအားထုတ်မှုပေါ့”

အဲလ်ဗစ်က ဂူမန်မန်၏ဂုတ်ပေါ်က အမှတ်ကိုကြည့်ကာ စနိတ်ခ်က သနားစရာ ကောင်းလှသည်ဟု ခံစားသွားရသည်။

ထို့နောက် ချောင်းဟန့်ကာ ပြောလိုက်သည်
“ သူက မင်းရဲ့လုံခြုံမှုအတွက်တော့ စိတ်ချရပါတယ်။ ဒါပေမဲ့ သူက မင်းကို ဘယ်လိုလုပ်ပြီး ကူညီမှာလဲ”

ဂူမန်မန်က ဂုတ်ကိုပွတ်ရင်း ပြောလိုက်သည်
“ ကျမတို့ ကြောက်ဟန်ဆောင်မယ်……ဒါဆိုရင် သူ ဘယ်တော့မှငြင်းမှာမဟုတ်ဘူး”

အလှလေး ရှောင်မန် Book 5 (645- 994)Where stories live. Discover now