အခန်း (654)

827 74 0
                                    

အခန်း (၆၅၄) : မသိသလိုနေပေးရမှာလား

တစ်ခါတစ်ရံတော့ သူမက စနိတ်ခ်ရဲ့စွမ်းအားတွေ အကုန်လုံးကို အမွေမဆက်ခံဖို့ မျှော်လင့်မိသည်။

သူမသာ စူးစမ်းဆင်ခြင်တတ်တဲ့သူ မဟုတ်ပါက သူမက အော်ရီတင်ကို မျက်နှာသေနဲ့အစာကြီးသူဆိုပြီး စနောက်နေမိမှာ အမှန်ပင်ဖြစ်သည်။

သို့သော်….
သူမ ဘာလုပ်နိုင်မှာလဲ……သူမက အော်ရီတင်ရဲ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်လေ

အဓိကအချက်က ဒဏ်ရာတွေက ပြင်ပဒဏ်ရာတွေ မဟုတ်ပေ။

သားရဲအရှိန်အဝါ ပေါက်ကွဲထွက်မှုကနေ ရတာလား

ရန်သူတစ်ထောင်  သတ်နိုင်ရင် သူမရဲ့လူရှစ်ရာလောက်လဲ ဒဏ်ရာရတာပဲ

သူမ အရမ်းကို နောင်တရနေသည်။

သူမ ခံစားချက်ကို တစ်ခါလောက်လေး မထိန်းချုပ်လိုက်နိုင်ရုံနဲ့တင် သူ့ရဲ့မျိုးနွယ်စုဝင်တွေကို ဒုက္ခရောက်အောင် လုပ်နေမိပြီလား။ သူမရဲ့အရှေ့မှာတော့ အကုန်လုံးက အဆင်ပြေချင်ယောင်ဆောင်နေကြတယ်။

ဘာရီတီကို ခဏလောက် မမြင်မိတာနဲ့ပဲ သူတို့က ဘာမှမဖြစ်သလိုနေနေကြတယ်။ ဒါပေမဲ့ သူတို့မျက်လုံးထဲက အားနည်းချက်ကိုတော့ မဖုံးကွယ်နိုင်ကြဘူး

ဒီတစ်ခါလည်း ထပ်ဖြစ်ပြန်ပြီလား

သူမရဲ့ စိတ်ခံစားချက်ကို ထိခိုက်မှာစိုးတာကြောင့် သူမရှေ့မှာ အရာအားလုံးက အဆင်ပြေသလိုမျိုး ဟန်ဆောင်နေကြပြန်ပြီလား

သူတို့ အားထည့်ပြီးစီစဉ်ထားတာလေး မပျက်သွားဖို့အတွက် သူမပါ ပူးပေါင်းပါဝင်ပြီး ဘာမှမဖြစ်သလိုနေပေးသင့်တာလား

ဂူမန်မန်က အပြုံးမျက်လုံးဖြင့် ပြောလိုက်သည်
“ ကောင်းပြီလေ….ကျမ လှေမစီးရတာလည်းကြာပြီ”

လီရာက ဂူမန်မန်ကို သစ်ပင်  အခေါင်းပေါက်ထဲသို့  ထည့်ထားသည်။ ထိုအရာက သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်းမဟုတ်ပဲ လူ လုပ်ထားခြင်းပင်ဖြစ်သည်။

သစ်သား၏လတ်ဆတ်သောအနံ့ကို ရနေဆဲပင်ဖြစ်သည်။ အောက်ဖက်တွင် မြက်ခြောက်လေးတွေကို ခင်းထားသည်။ အပေါက်ရဲ့ဘေးပတ်လည်ကိုတော့ သားရေများဖြင့် ကာရံထားသည်။ သူမ အနံ့ခံကြည့်တော့ လီရာရဲ့အနံ့ကိုရသည်။

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora