အခန်း (684)

717 98 1
                                    

အခန်း (၆၈၄) : မာမီရဲ့ အမျိုးသားတွေက ရူးသွပ်တယ်ဆိုတာကို မာမီလည်း သိပါတယ်

ဟဲတျဲက ကန်ဝူကို ဆက်ပြီး  ဆူမနေပဲ လက်တစ်ဖက်က ချီရွှမ်ကို ထိန်းထားရင်း ကျန်လက်တစ်ဖက်ဖြင့် ကန်ဝူ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်
“ အစ်ကို  ယုံပါတယ်”

ဟဲတျဲက ချီရွှမ်ကို ဂူမန်မန်ဆီ  ပေးလိုက်ပြီး သူနဲ့ ကျာလွဲ့က ကျားသစ်ကို သန့်စင်ဖို့အတွက် ရေရှိရာနေရာသို့ သယ်သွားကြသည်။

ကန်ဝူက ဘာကီဆီ  သွားကာ မော့ကြည့်ပြီးပြောလိုက်သည်
“ ဆရာ ကျတော်တို့ သွားရအောင်။ သွေးညှီနံ့က အရမ်းပြင်းလို့ တစ်ခြားတောရိုင်းကောင်တွေပါ ရောက်လာနိုင်တယ်”

ပြီးတော့ မာမီကလည်း သွေးညှီနံ့ကို မကြိုက်ဘူး

ဘာကီက ခေါင်းညိတ်ကာ ဂူမန်မန်ကို ကြည့်လိုက်သည်။

ဂူမန်မန် ထိတ်လန့်သွားသည်။ နောက်ထပ်  ဘယ်နေရာ သွားရမယ်ဆိုတာ သူမကို ဘာကီက ဆုံးဖြတ်ခိုင်းနေမှန်း ဂူမန်မန်သိသည်။

ဟား…ဟား…အမျိုးသမီးတွေက တော်တော်အရေးပါတာပဲ။ အမျိုးသမီးတွေ ရှိနေသ၍ အမျိုးသားတွေက ဘယ်နေရာမှာ စားသောက်မလဲဆိုတာကိုတောင် ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး

ဂူမန်မန်က ကန်ဝူကို ပုခုံးကနေဆွဲကာ သူမရဲ့ရင်ခွင်ထဲထည့်ရင်း ပြောလိုက်သည်
“ ဒီလမ်းအတိုင်း သွားရအောင်။ ဒီလမ်းမှာ ပျော်ပွဲစား  ထွက်လို့  သင့်တော်တဲ့ နေရာရှိတယ်”

ဘာကီက ပြုံးလိုက်ရင်း ဂူမန်မန်အနောက်သို့ လိုက်သွားသည်။ သူလည်း ကောင်းချီးပေးခံရသလိုမျိုး ခံစားနေရသည်။ ထိုခံစားချက်ကို  ထုတ်ဖော်မိမှာ စိုးသောကြောင့် စကားတောင် မပြောရဲပေ။

အစိမ်းနုရောင်မြက်တွေက တစ်စုံတစ်ယောက်ကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သည်။

ဂူမန်မန်က ပျင်းရိစွာ အကြောဆန့်ရင်း ထိုင်ချလိုက်သည်။ ကန်ဝူကတော့ သူမဘေးမှာထိုင်ရင်း သူမကို ကြည့်ကာ စောစောက ချီးကျူးခံထားရသော ကိစ္စကို ပျော်လို့မဆုံး ဖြစ်နေသည်။

အလှလေး ရှောင်မန် Book 5 (645- 994)Where stories live. Discover now