အခန်း (၇၃၉) : အဲ့လို အကျိုးခံစားခွင့်က ကိုယ်နဲ့ အဲလ်ဗစ်ပဲ ပိုင်တာ
ဂူမန်မန်ကတော့ နှလုံးသား ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။ သူမက လီရာကို အသာလေးတွန်းထုတ်ကာ အဲလ်ဗစ်ရင်ခွင်ထဲအတင်းတိုးဝင်နေသည်။
လီရာက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရယ်မောလိုက်ပြီး ဂူမန်မန်၏ ခေါင်းလေးကို ပုတ်ကာ ပြောလိုက်သည်
“ ဟုတ်ပါပြီ ထွက်လာခဲ့တော့။ ကိုယ် မင်းကို ထပ်ပြီး မစတော့ပါဘူး။ မင်း အဲ့လိုလုပ်လို့ အသက်ရှူကြပ်သွားရင် အဲလ်ဗစ်က ကိုယ့်ကို သတ်လိမ့်မယ်”
“ ဟမ်” လီရာက ခေါင်းလေးကို ပုတ်လေလေ ဂူမန်မန်က အဲလ်ဗစ် ရင်ခွင်ထဲကို တိုးဝင်လေလေဖြစ်ကြသည်။ သူမ မျက်နှာမပြရဲလောက်အောင်ကို ရှက်နေသည်။
ဘေးနားမှာ စန္ဒီပဲရှိနေရင် အကြောင်းမဟုတ်ဘူး။ ဒါပေမဲ့ ဖေးလွေ့လည်း ရှိနေတယ် ပြီးတော့ သူက ကလေးတစ်ယောက်လေ…….
ကလေးရဲ့ ရှေ့မှာဒီလိုတွေလုပ်နေတာက သင့်တော်ရဲ့လား
အဲလ်ဗစ်ကတော့ လီရာနဲ့ ဂူမန်မန်ကြားက ဆက်ဆံရေးကိုကြည့်ပြီး နွေးထွေးစွာ ပြုံးနေသည်။
ရိုးသားတဲ့ပုံပေါ်တဲ့ ဖေးလွေ့ထက်စာရင် ဂူမန်မန်က လီရာရဲ့ ဆွဲဆောင်တဲ့စကားတွေကို ကြိုက်လို့ တော်သေးတာပေါ့
မိသားစုဝင်တစ်ယောက် ထပ်တိုးစရာ အကြောင်းမရှိတော့ဘူးလို့ တွေးမိမှ အဲလ်ဗစ် စိတ်အေးသွားရသည်။ သူက ဖေးလွေ့ကို ထပ်ကြည့်မိတော့ ဂူမန်မန်နဲ့ လီရာကို ကြည့်နေပုံက သဝန်တိုတာမျိုးလည်းမရှိသလို အားကျတာမျိုးလည်း မရှိပေ။ သူက ကမ္ဘာအသစ်တစ်ခုကို ရောက်သွားသလိုမျိုး အံ့ဩတကြီး ကြည့်နေသည်ကိုသာ တွေ့လိုက်ရသည်။
အဲ့ဒီမျက်လုံးတွေ…..
အဲ့တာတွေက ဘာနဲ့မှ နှိုင်းယှဉ်လို့မရအောင် ဖြူစင်လွန်းတယ်….
အဲလ်ဗစ်က လီရာပုခုံးကို ပုတ်ကာ ပြောလိုက်သည်
“ ဘယ်အချိန်မှာ ရပ်မလဲဆိုတာလည်း သိဦး”
လီရာက ဖေးလွေ့ကို ကြည့်လိုက်တော့ သူက ဂူမန်မန်ရဲ့ပါတနာဖြစ်ဖို့ တောင်းဆိုခဲ့သော်လည်း အဲ့တာက ဘာကို ဆိုလိုမှန်းတောင် သိတဲ့ပုံမပေါ်ပေ။
တစ်ခြားနည်းဖြင့် ပြောရလျှင် သူ့မှာ ဂူမန်မန်နှင့် ပတ်သက်သော ရည်ရွယ်ချက် မရှိပေ။
သူက လေ့လာပြီးတော့ အဲလ်ဗစ်ကို အချက်ပြလိုက်ပြီး သူတို့နှစ်ယောက်လုံးက ဖေးလွေ့ကို ဒုတိယအဆင့် ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်လိုက်ကြသည်။
သူက ထပ်လေ့လာဖို့တော့ လိုသေးပေမဲ့ ကြိုတင်ကာကွယ်ထားစရာ မလိုတဲ့ပုံပေါ့
စန္ဒီနဲ့ သားလေးယောက်ကိုတော့ ပထမအဆင့် ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ခံထားရဆဲပင် ဖြစ်သည်။
ဒုတိယအဆင့်အဖြစ် သတ်မှတ်ခံထားရတဲ့သူတွေကတော့……….
ပထမအဆင့် ခြိမ်းခြောက်မှုထဲက မဟုတ်တဲ့သူတွေ အကုန်လုံးပါပဲ
လီရာက စားဖို့ဆိုရင် မပျက်မကွက်ရောက်လာတဲ့ အော်ရီတင် ယူလာပေးတဲ့ သားကောင်နဲ့ အသားနှပ်တစ်အိုး လုပ်လိုက်သည်။
စန္ဒီရဲ့ စားချင်သောက်ချင်စိတ် ပြင်းထန်မှုကြောင့် အားလုံးကို လျစ်လျူရှုကာ ဂူမန်မန်၏ ဘေးတွင် အသာလေး လာထိုင်ရင်း ကျေနပ်စွာ စားသောက်နေသည်။
ဖေးလွေ့က ပထမဆုံးအနေနဲ့ သူများ အစာစားတာ မြင်ဖူးတာကြောင့် ထူးဆန်းနေသော်လည်း လန့်တော့ မလန့်ပေ။ သူတို့ မြိန်ရေယှက်ရေ စားသောက်နေပုံကို ကြည့်လိုက်ရင်း သူပါ စားချင်စိတ် ဖြစ်လာရသည်။
ဂူမန်မန်က သူ့လက်ကို ဆွဲလိုက်ပြီး ခေါင်းယမ်းကာ ပြောလိုက်သည်
“ ဒါက အရမ်းပူနေတယ်။ လက်ဗလာနဲ့ထိရင် ဒဏ်ရာရသွားလိမ့်မယ်”
“ အို့” ဖေးလွေ့က အများလုပ်ထားသော ကလေးလိုမျိုး ခေါင်းလေး ငုံ့သွားသည်။ သူက အရသာရှိတဲ့ပုံပေါ်သော အသားကို စိုက်ကြည့်ကာ တံတွေးကို အကြိမ်ကြိမ် မျိုချနေသည်။
ဂူမန်မန်က တူဖြင့် အသားနည်းနည်းကို ယူကာ ငရုတ်သီးကို ဖယ်ရန် ရေဖြင့် ဆေးလိုက်ပြီး ပန်းကန်ထဲထည့်ကာ တူတစ်စုံနဲ့အတူ ဖေးလွေ့ကို ပေးကာ ပြောလိုက်သည်
“ ဒီမှာနော်….မင်းစားဖို့”
ဖေးလွေ့က တောက်ပသော မျက်လုံးလေးများဖြင့် ဂူမန်မန်ကို ကြည့်ကာ ပြုံးပြလိုက်သည်။
သူ့အပြုံးက အရမ်း ဖြူစင်သောကြောင့် ဂူမန်မန်ကို မိန်းမောသွားစေသည်။
သူမလည်း သတိမထားမိပဲ လိုက်ပြီး ပြုံးနေမိသည်။
သို့သော် ထိုအပြုအမူက လီရာ၏ သဝန်တိုမှုကို ဆွပေးလိုက်သလို ဖြစ်သွားသည်။
လီရာက ဂူမန်မန်၏ မျက်နှာလေးကို ထိန်းကာ နမ်းလိုက်သည်။ ထို့နောက် သူမ ပါးစပ်ထဲရှိ အသားတုံးလေးတွေကို ယူကာ မျိုချလိုက်သည်။
ဂူမန်မန် ရှက်သွားသော မျက်နှာလေးကို ကြည့်ရင်း သူက ပြောလိုက်သည်
“ မင်းပြုံးနေတာကို တစ်ခြားသူတွေနဲ့ မျှကြည့်ရလောက်အောင်အထိ ကိုယ် မရက်ရောဘူးနော်။ အဲ့လိုအကျိုးခံစားခွင့်က ကိုယ်နဲ့ အဲလ်ဗစ်ပဲ ပိုင်တာ”
CZYTASZ
အလှလေး ရှောင်မန် Book 5 (645- 994)
Romanssequel of book 4 translation of Beauty and the beast wolf hubby xoxo all crd to original Author su yujin you can read in webnovel