အခန်း (777 & 778)

536 85 0
                                    

အခန်း (၇၇၇) : အဲ့ဒီပုလဲရဲ့ ပုံစံကြောင့် အရူးလုပ်မခံရစေနဲ့

သူတို့ အဆိပ်တိမ်တိုက်ထဲကို ပြန်ဖြတ်ဖို့လုပ်တော့ သူတို့ရှေ့မှာ ဖြစ်ပေါ်နေသော မြင်ကွင်းကို ဂူမန်မန် မယုံနိုင် ဖြစ်သွားရသည်။

အဆိပ်တိမ်တိုက်က ရေချိုးကန်မှ ရေကို ဖောက်ချလိုက်သလိုမျိုး ပတ်လည်စီးဆင်းနေသည်။

ထိုရေပေါက်ကလည်း ဂူမန်မန်၏ လက်ထဲရှိ ပုလဲနက်ဖြစ်ပေသည်။

သေစမ်း

ပုလဲရဲ့ ပုံစံကြောင့် အရူးလုပ်မခံရစေနဲ့

အဆိပ်ထုက လေဆင်နှာမောင်းသဖွယ်ဖြစ်သွားပြီး ပုလဲနက်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ သူမ ဘယ်လိုတုံ့ပြန်မှုမျိုး ပေးရမလဲဆိုတာကိုပင် မသိတော့ပေ။

သူတို့နားမှာရှိသော အဆိပ်တွေက အတော်ပါးသွားသည်။ အခုဆိုလျှင် ရှေ့ဘက် သုံးမီတာ ငါးမီတာလောက်ထိ ကောင်းကောင်း မြင်နေရပြီ ဖြစ်သည်။ မြင်ကွင်းက အတော်လှပပြီး တစ်ခြားကမ္ဘာတစ်ခုကို  ရောက်သွားသလိုပင် ခံစားရစေသည်။

ဂူမန်မန်လည်း စဉ်းစားလိုက်သည်။ သူမကို ဒီအောက်ထိရောက်အောင် ပို့ပေးဖို့အတွက် ဝါဘယ်က နေ့တစ်ဝက်လောက်ထိ ရေကူးခဲ့ရသည်။ ပုလဲရဲ့ စွမ်းအားနဲ့ဆိုလျှင်တောင် ထိုအဆိပ်တိမ်တိုက်ကြီးတစ်ခုလုံး ကင်းစင်အောင်လုပ်ဖို့အတွက် အချိန်နည်းနည်းတော့ ယူရလိမ့်မည်။ အချိန်လည်း ကုန်မည်ဖြစ်သည်။ သူမ ပြန်လာတာ နောက်ကျပါက အဲလ်ဗစ်နဲ့ လီရာကို မဆိုထားနှင့် ဖေးလွေ့နှင့် ကာတားပင် စိတ်ပူလို့ ရူးသွားနိုင်သည်။

ဂူမန်မန်က ဝါဘယ်ဘေးတွင် ရပ်ရင်း ပြောလိုက်သည်

“ ကျမတို့ အခုစပြီး ရေကူးရအောင်။ ပုလဲကလည်း သူ့အလုပ်သူ ဆက်လုပ်လိမ့်မယ်။ အဆိပ်ထုကြီးတစ်ခုလုံးကို စုပ်ယူဖို့ဆိုရင် အတော်ကြာဦးမယ်”

ဝါဘယ်ကတော့ အဆိပ်ထုအကြောင်းလည်း စိတ်မဝင်စားသလို သမုဒ္ဒရာ၏ အနမ်းကိုလည်း စိတ်မဝင်စားပေ။ ထို့ကြောင့် ခေါင်းညိတ်ကာ ဂူမန်မန်ကို အမြီးနှင့် ထပ်မံ ရစ်ပတ်ထားလိုက်သည်။ ပုလဲက အဆိပ်တွေကို လျင်မြန်စွာစုပ်ယူနိုင်ရန်အတွက် အဆိပ်ထု ထူနေသောနေရာကနေ ဖြတ်သွားသည်။

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora