အခန်း (၇၂၁) : ရှင်က အရိုက်ခံချင်လို့လား
“ ဆာရူဒါမှ ရေတွင်းတွေ ရှိတယ်။ မင်း ဘာလို့ အဲ့ဒီကို ပြောင်းပြီး မနေတာလဲ” ပြန်မပြောလည်း ကိုးလ်ကတော့ ဂူမန်မန်ကို ဆက်ပြောနေဆဲ ဖြစ်သည်။
ဂူမန်မန်က ချီရွှမ်ကို ဖက်ကာ နမ်းလိုက်ရင်း ပြောလိုက်သည်
“ မာမီရဲ့ သားလိမ္မာလေး ဆက်အိပ်လိုက်ဦးနော်။ မာမီ အခုတော့ ပြန်လိုက်ဦးမယ်။ မနက်ဖြန်မှ ထပ်လာခဲ့မယ်နော်”ဂူမန်မန်က ချီရွှမ်ကို အိပ်ရာပေါ်ပြန်တင်ကာ သူ့ကျောလေးကို အသာပုတ်ပေးနေသည်။ သူမက တစ်ချိန်လုံးကိုးလ်ကို လုံးဝ မကြည့်ပဲ ထွက်သွားဖို့ ပြင်လိုက်သည်။
ထွက်ခွာသွားသော ဂူမန်မန်၏ ကျောဘက်ကို ကြည့်ရင်း ကိုးလ်က ပြုံးကာ ချီရွှမ်၏ ကျောလေးကို ပုတ်ရင်း ပြောလိုက်သည်
“ ကြည့်ပါဦး မင်းအမေက စိတ်ဆိုးနေသေးတဲ့ပုံပဲ။ သူမကို ဆက်ပြီး မြှောက်ပင့်ခယ ရဦးမှာပေါ့လေ။ ငါ့ နှစ်ဆတိုးပြီး ကြိုးစားပါ့မယ်”သူမရဲ့ ဂူကိုပြန်တော့ အဲလ်ဗစ်က သူမ ချိုးဖို့ ရေနွေးတည်ပေးထားသည်။
ကိုးလ်က ချီရွမ်ဆီ သူတို့ကို အလာမခံသောကြောင့် ဂူမန်မန်ဆီ ကပ်ပါလာသော ကိုးလ်၏ အနံ့ကို အဲလ်ဗစ်နဲ့လီရာတို့ မခံနိုင်ကြပေ။
အဲ့တာကြောင့် ကိုးလ်ရဲ့ဂူကနေ ပြန်လာလာချင်း သူမ တန်းပြီး ရေချိုးမှ ဖြစ်သည်။ မဟုတ်လျှင် နှစ်ယောက်လုံးက မျက်နှာမကောင်းကြပေ။
ရေချိုးပြီးနောက် အဲလ်ဗစ်က ဂူမန်မန်ကို အိပ်ရာပေါ် တင်ပေးလိုက်သည်။ သို့သော် ရင်းနှီးနေသော အသံက အိပ်မဲ့ အစီအစဉ်ကို ဖျက်လိုက်သည်။
ဂူမန်မန်က မြွေသားရေကို ဆွဲဝတ်ကာ ဂူအပြင်ကို ထွက်သွားတော့ ရင်းနှီးပြီး စုပြုံနေသော မြွေတွေကို တွေ့လိုက်ရသည်။
ရထားလောက်ကြီးသော ခေါင်းရှိသော မြွေက ဂူမန်မန်အနားသို့ ကပ်လာသည်။
ဂူမန်မန်က ဝါဘယ်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။ သူမက မျက်ခုံးကို ပင့်တင်ရင်း ပြောလိုက်သည်
“ ကျမ ရှင့်ကို ဘယ်နှစ်ခါလောက်ပြောနေရမှာလဲ။ ကျမ မြွေရယ်၊ မစင်ရယ်၊ မစင်နဲ့တူတဲ့ မြွေတွေကို မုန်းတယ်လို့။ ရှင် ကျမရဲ့ရှေ့ကို ဘာလို့ လူအသွင်နဲ့ မလာရတာလဲ။ ရှင့်ကို ရိုက်အောင်ပဲ တစ်ချိန်လုံး လုပ်နေတော့မျာလဲ။ အဲ့လိုရိုက်တိုင်းလဲ မစင်တုံးကို ကိုင်လိုက်ရသလိုပဲ။ အရမ်းရွံဖို့ မကောင်းဘူးလား”
YOU ARE READING
အလှလေး ရှောင်မန် Book 5 (645- 994)
Romancesequel of book 4 translation of Beauty and the beast wolf hubby xoxo all crd to original Author su yujin you can read in webnovel