အခန်း (648)

912 79 2
                                    

အခန်း (၆၄၈) : ငိုကြွေးခြင်းနှင့် မျှော်လင့်ချက်ကင်းမဲ့သော နယ်မြေ

ထိုလေလွင့်သားရဲသာ လီရာကို ကိုက်လိုက်မည်ဆိုပါက သူ သေသွားနိုင်သလို ဒဏ်ရာအပြင်းအထန်လည်း  ရသွားနိုင်သည်။

ထိုအခြေအနေကြောင့် ဂူမန်မန် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသလို ခန္ဓာကိုယ်ကလည်း တုန်ခါလာရသည်။

တစ်ခဏအတွင်းမှာပဲ ကမ္ဘာတစ်ခုလုံးက လှုပ်ခါနေသည်။ အကုန်လုံး အမြင်တွေဝေဝါးလာကာ သားရဲတွေအကုန်လုံး မြေပြင်ပေါ်လဲကျသွားရသည်။

စိုးရိမ်မှုနဲ့ ကြောက်ရွံ့မှုက ဂူမန်မန်၏ခံစားချက်တွေကို ထိန်းချုပ်ပေးလိုက်သည်။ သူမတောင် မသိလိုက်ပဲ သားရဲအရှိန်အဝါကို ထုတ်မိသွားသည်။ လီရာက အန္တရာယ်က လွတ်မြောက်သွားပြီဆိုတာကိုပင် သူမ သတိမထားမိပေ။

နွေးထွေးသောရင်ခွင်တစ်ခုထဲသို့ ဂူမန်မန်ရောက်ရှိသွားပြီး နူးညံ့စွာပြောသံကို ကြားလိုက်ရသည်
“ ရှောင်မန်….အရာအားလုံးအဆင်ပြေပါတယ်….မကြောက်နဲ့နော်…..မကြောက်နဲ့….”

သေစမ်း…..

ဂူမန်မန်၏ နားနောက်ကနေ အဲလ်ဗစ်ရဲ့သွေးတွေ စီးကျလာသည်။

သူမ နောက်ကို လှည့်ကြည့်လိုက်ချိန်မှာတော့ အဲလ်ဗစ်က ဖြည်းဖြည်းချင်း မြေပြင်ပေါ်လဲကျသွားသည်။ သို့သော် အပြုံးတစ်ခုနှင့်ဖြစ်သည်။

ဂူမန်မန်က သူ့ကို လှမ်းဆွဲဖို့လုပ်လိုက်သော်လည်း မမှီလိုက်ပေ။ အဲလ်ဗစ်က လူအသွင်ကနေ အနက်ရောင်ဝံပုလွေအဖြစ်  ပြောင်းသွားသည်ကိုသာ တွေ့လိုက်ရသည်။

တိုက်ပွဲက ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

စောစောက သတ်ဖြတ်နေတာတွေအကုန်လုံးလည်း ပျောက်ကွယ်သွားရသည်။

ဂူမန်မန်က သွေးလွှမ်းနေသော မြေပြင်တွင်ရပ်ကာ ထိုခန္ဓာကိုယ်တွေက သူမရဲ့ သားရဲအရှိန်အဝါကြောင့်ပဲ အားနည်းပြီးလဲကျနေတာလား ဒါမှမဟုတ် သေနေပြီလားဆိုတာကို ဝေခွဲမရပေ။

လရောင်ကလည်း ထိုငိုကြွေးခြင်းနှင့်မျှော်လင့်ချက်မဲ့နေသောနယ်မြေကို လွှမ်းခြုံထားပြီး အရမ်းကို အေးစက်စက်နိုင်လှသည်။

အလှလေး ရှောင်မန် Book 5 (645- 994)حيث تعيش القصص. اكتشف الآن