အခန်း (899 & 900)

513 78 1
                                    

အခန်း (၈၉၉) : ချစ်ရတဲ့ သမီးအတွက် လှည့်စားနည်း

စနိတ်ခ်က ဂူမန်မန်ကို ချီပြီး ထွက်သွားတဲ့အခန်းနဲ့ ပြီးသွားသည်။ အဖြူရောင်မြူခိုးတွေက စခရင်ကို ပိတ်သွားသည်။

ဂူမန်မန်က မတ်တပ်ရပ်ကာ အကြောဆန့်ပြီး လက်ဖြန့်ကာ ပြောလိုက်သည်

“ အဖေ သမီး မုန့်ဖိုး လိုချင်တယ်”

သားရဲနတ်ဘုရားက ခပ်ဖွဖွရယ်ကာ သူမရဲ့ လက်ဖဝါးကို ရိုက်ရင်းမေးလိုက်သည်

“ မင်းပြောတဲ့ စာအုပ်က ကောင်းတယ်လို့ ငါမထင်ဘူး။ အဲ့တာကြောင့် တကယ့်အစစ်ကို ပြောပြပေးမယ်”

ဂူမန်မန် မျက်ခုံးတွေကို ပင့်တင်လိုက်မိသည်။

သားရဲနတ်ဘုရား လက်ထိပ်ကို မ လိုက်တော့ လက်ညှိုးပေါ်တွင် အဖြူရောင် အစက်ကလေး ထင်နေသည်။

သားရဲနတ်ဘုရားက ဂူမန်မန်၏ မျက်ခုံးကြားကို အဲ့ဒီလက်ထိပ်ဖြင့် ထိတွေ့လိုက်တော့ သိပ်မကြာခင်မှာပဲ ဂူမန်မန်က အိပ်မက်ဆိုးထဲသို့ ရောက်ရှိသွားသည်။

သူမရဲ့ ဦးနှောက်ကို တစ်ခုခုက ညှစ်ထားသလို ခံစားနေရပြီး အဲ့တာကို တုံ့ပြန်ဖို့ အချိန်မရဖြစ်နေသည်။ သူမရဲ့အတွေးတွေထဲမှာ သူမ မသိဖူးသော အရာတွေ ပြည့်နှက်လာသည်ဟု ခံစားရသည်။

အဲ့ဒီဖြစ်စဉ်က တစ်မိနစ်လောက်သာ ကြာမြင့်သော်လည်း ဂူမန်မန်အတွက်တော့ စက္ကန့်ပေါင်းများစွာကို ထပ်မံရေတွက်နေရသလို ခံစားရသည်။

သားရဲနတ်ဘုရား၏ လက်ကို ဖယ်လိုက်မှ ဂူမန်မန် အဆင်ပြေသွားသည်။

ဂူမန်မန်က စိတ်ရှုပ်စွာဖြင့် သားရဲနတ်ဘုရားကို ကြည့်နေသည်။

သားရဲနတ်ဘုရားက ခပ်ဖွဖွရယ်ကာ မေးလိုက်သည်

“ ချစ်ရတဲ့ သမီးတွေ လှည့်ဖြားနည်းလေးလေ။ ကျေနပ်ရဲ့လား”

ဂူမန်မန်က ခေါင်းကိုကိုင်ကာ မေးလိုက်သည်

“ ကျမရဲ့ ဦးနှောက်ထဲကို ဘယ်သူ့ရဲ့ မှတ်ဉာဏ်တွေ ထည့်ပေးလိုက်တာလဲ”

သားရဲနတ်ဘုရားက ‘တိုးတိုးပြော’ဆိုတဲ့ ပုံစံလုပ်ပြပြီး ရှင်းပြလိုက်သည်

အလှလေး ရှောင်မန် Book 5 (645- 994)Tahanan ng mga kuwento. Tumuklas ngayon