အခန်း (690)

775 83 0
                                    

အခန်း (၆၉၀) : မင်းရဲ့ သိမ်မွေ့မှုက ကိုယ့်ကို ပိုပြီး  လောဘ ကြီးလာစေတယ်

“ မင်းရဲ့ သိမ်မွေ့မှုက ကိုယ့်ကို လောဘကြီးလာစေတယ်” လီရာက ဂူမန်မန်ကို တင်းကြပ်စွာဖက်ထားရင်း ပြောလိုက်သည်။

အရင်တုန်းက သူ မပြောခဲ့ဖူးဆိုတာက သဝန်မတိုခဲ့တာကြောင့်  မဟုတ်ပဲ စွန့်ပစ်ခံရမှာ ကြောက်တာကြောင့် သဝန်တိုမှုကို အတင်းထိန်းချုပ်ထားခဲ့ခြင်းပင်ဖြစ်သည်။

ဂူမန်မန်ကသာ သူ့ကို ‘ရှင်သာ ခုလိုဆက်လုပ်နေမယ်ဆိုရင် ရှင့်ကို စွန့်ပစ်တော့မှာနော်’လို့သာ ပြောလိုက်ပါက သူလည်း သူမကို ချဉ်းကပ်လာတဲ့သူတွေအပေါ် ခုလို သိသိသာသာကြီး ပြုမူရဲမှာမဟုတ်တော့ပေ။

ဒါပေမဲ့ သူမလည်း ဘာမှမတတ်နိုင်ပေ။ မန်မန်က သူ့ကို တစ်ခါမှ ပစ်ပစ်ခါခါမပြောခဲ့ဖူးပေ။ သူအရမ်းဒေါသထွက်ပြီး ထိန်းချုပ်မှုကင်းလွတ်ခါနီးတွင်သာ သူမက သူ့ကို ဦးဆောင်ပြီး တစ်ခြားတစ်နေရာသို့ ခေါ်သွားတတ်သည်။

ဂူမန်မန်က ရယ်ကာ ပြောလိုက်သည်
“ ကျမကို ဂရုစိုက်လို့ ရှင်က သဝန်တိုတာလား။ ကျမကို ဂရုစိုက်လို့ဆိုပြီးတော့ ရှင့်ကို ကျမက စိတ်တိုနေရမှာလား”

လီရာက ပြောလိုက်သည်
“ ကိုယ် ဘာကီကို သတ်လိုက်ရင် မင်းတကယ်စိတ်မဆိုးဘူးလား”

ဂူမန်မန်က ခဏလောက်စဉ်းစားပြီးမှ ပြန်ပြောလိုက်သည်
“ နည်းနည်းလောက်တော့ စိတ်ဆိုးမယ်ထင်တယ်”

လီရာက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
“ ဘာလို့လဲ။ ဘာကီကို ကြိုက်နေလို့လား။ ကိုယ့်ကိုကျတော့ ခံစားရခက်အောင်လုပ်ပြီး ဘာကီကိုကျ ဘာလို့ကောင်းပြနေရတာလဲ”

ဂူမန်မန်က လီရာကို မော့ကြည့်ကာ ခေါင်းလေးကို ပုတ်ရင်း ပြောလိုက်သည်
“ ရှင် ဘာတွေပြောနေတာလဲ။ ကျမ ဆိုလိုတာက ဘာကီက အခုဆိုရင် နဇိုင်းရယ်မျိုးနွယ်စုဝင်တစ်ယောက်ပဲလေ။ ရှင်နဲ့ အဲလ်ဗစ်က နဇိုင်းရယ်မျိုးနွယ်စုဝင်တွေကို ပြန်ပြီးမသတ်ပါဘူးဆိုတဲ့ စည်းမျဉ်းကို ချမှတ်ထားပြီးပြီလေ။
ကျမက ရှင့်ကို စိတ်ချအောင် လုပ်မပေးနိုင်တာနဲ့တင် ရှင်က စည်းမျဉ်းကို ချိုးဖောက်မယ်ဆိုရင်တော့ ကျမ….ကိုယ့်ကိုယ်ကို နည်းနည်းတော့ စိတ်ဆိုးမိလိမ့်မယ်”

အလှလေး ရှောင်မန် Book 5 (645- 994)Where stories live. Discover now