အခန်း (773 & 774)

679 91 7
                                    

အခန်း (၇၇၃) : တွဲဖက်ပဲရှာပေးတာ.....လက်ထပ်တာနဲ့ ကလေးရဖို့အထိတော့ အာမမခံနိုင်ဘူး

ဒီလူက သူမအကြောက်ရဆုံးသူ တစ်ယောက် ဖြစ်သော်လည်း သူ့စကားတွေကြောင့် မယ်လင်ဒါ စိတ်အေးသွားရသည်။

ရှက်နေသော မယ်လင်ဒါက ဘာကိုမှ မပြင်ဆင်ရသေးခင် အချိန်အတွင်းမှာပဲ သူမရဲ့ နားမှာ လေပူလေး ဖြတ်တိုက်သွားသည်ကို ခံစားလိုက်ရသည်။ သူမက ချက်ချင်း နောက်ဆုတ်ဖို့ လုပ်လိုက်သော်လည်း ကာတားက သူမရဲ့ မျက်နှာလေးကို ကိုင်ထားဆဲပင် ဖြစ်၏။ ညင်ညင်သာသာ ပင့်တင်လိုက်တာကြောင့် သူမရဲ့ မျက်နှာသည်လည်း သူ့ရင်ဘတ်နှင့် နီးကပ်သွားရသည်။ သူ့ရဲ့ နှလုံးခုန်သံတွေလည်း အရမ်းကိုမြန်ဆန်နေသည်။ သူကြောင့် သူမ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်လွန်းတာကြောင့်လား၊ သူမနဲ့ နီးကပ်ဖို့ အခွင့်အရေးက ရှားပါးသည့်အတွက် ပိုပြီး နီးကပ်ချင်နေတာလား ဆိုတာကိုတော့ သူလည်း မသိတော့ပေ။ သူသိတာက သူမရဲ့မျက်နှာလေး နီရဲနေတယ်ဆိုတာကိုသာ သိတော့သည်။ သူ့ရဲ့ခန္ဓာကိုယ်ကလည်း သူ့ရဲ့ဦးနှောက်ထက် တုံ့ပြန်မှု မြန်ဆန်နေသည်။

သူ သူမကို ဖက်ထားချင်တယ်။ တကယ်ကို ဖက်ထားချင်ရုံပါပဲ

မယ်လင်ဒါက မရုန်းကန်သလို ပြန်ပြီးလည်း မခုခံပေ။ အကျပ်အတည်းထဲ ကျရောက်နေသလိုမျိုး ကာတားကို အချိန်အတော်ကြာ ဖက်ထားခွင့် ပြုလိုက်သည်။

ဖေးလွေ့က မကျေမနပ်ဖြစ်ကာ သူတို့ကို ခွဲထားချင်သော်လည်း ဂူမန်မန်က ပြန်ဆွဲထားတာကို ခံလိုက်ရသည်။

ဂူမန်မန်က ခေါင်းကို အသာယမ်းကာ ပြောလိုက်သည်

" သူမကို ကာကွယ်ဖို့အတွက် နောက်ထပ် အားကိုးရတဲ့သူတစ်ယောက်ရတာ ကောင်းတဲ့အရာမဟုတ်ဘူးလား"

ဖေးလွေ့က ကာတားနဲ့ မယ်လင်ဒါတို့၏မျက်နှာထားကို တစ်ချက်ကြည့်လိုက်ပြီးမှ ဖြည်းဖြည်းချင်း အကြည့်လွှဲလိုက်သည်။

သူမကို အချိန်အတော်ကြာ ဖက်ထားပြီးမှ ကာတားက လွှတ်ပေးလိုက်သည်။

အဲ့လိုလွှတ်ပေးလိုက်တာကလည်း သူ ကျေနပ်သွားလို့ မဟုတ်ပဲ ဒီထပ်ပိုပြီး မတောင်းဆိုရဲတော့သောကြောင့်ပင်ဖြစ်သည်။

အလှလေး ရှောင်မန် Book 5 (645- 994)Tahanan ng mga kuwento. Tumuklas ngayon