အခန်း (၇၀၀) : မင်းကို ဖက်ဖို့အတွက် ဒီနားကို လာပေးလို့ရမလား
“ ပြီးခဲ့တဲ့ လေလွင့်သားရဲတွေနဲ့ တိုက်ခိုက်မှုမှာ နောက်ကွယ်မှာ ကိုးလ် ရှိနေခဲ့တာပဲ” အဲလ်ဗစ်က ပြောလိုက်သည်။
ဂူမန်မန်က ခေါင်းညိတ်ကာ ပြောလိုက်သည်
“ ကျမ သိတယ်။ အဲ့တာကြောင့်ပဲ ဘာကီကို ကျမ ဘေးမှာထားခဲ့တာပဲ။ အဲ့တာကို ကျမတို့ အရင်ကတည်းက ခန့်မှန်းပြီးသားပဲ မဟုတ်လား”အဲလ်ဗစ်က ခေါင်းယမ်းကာ ပြောလိုက်သည်
“ ကိုယ်တို့ အဲ့လိုတွေးမယ်ဆိုတာကို ကိုးလ်လည်း သိမှာပဲ။ အဲ့တာကြောင့်ပဲ ဘာကီကို ထားခဲ့တာလေ။ ဒါပေမဲ့ တကယ်တော့ ကိုးလ်ရဲ့ တကယ့်ရည်ရွယ်ချက်က မင်းရဲ့စွမ်းရည်တွေကို အတည်ပြုဖို့နဲ့ လီရာကို နှိပ်စက်ဖို့ပဲ”ဂူမန်မန်က စနိတ်ခ်ရဲ့ စွမ်းရည်တွေကို အမွေဆက်ခံထားတာကို သိသည့်အတွက် လေလွင့်သားရဲတွေနဲ့ သူမကို စမ်းသပ်မှန်းလည်း သူမ နားလည်သည်။
ဒါပေမဲ့ ဘာလို့ လီရာကို နှိပ်စက်ချင်ရတာလဲ
လီရာက နံရံတစ်ခုကို မှီနေလိုက်သည်။ အခု ဟန်ဆောင်နေသလို သူက ပျော့ညံ့တဲ့သူ မဟုတ်သော်လည်း ကိုးလ်နဲ့ တိုက်ခိုက်လိုက်သည့်အတွက် သူ့ကို အတော် ထိခိုက်သွားခဲ့သည်။ ဒဏ်ရာလည်း ရထားသည့်အတွက် အသံကလည်း အားအင်ဖျော့တော့နေသည်။
“ အဲ့ဒီနေ့က အကုန်လုံးက မင်းရဲ့သားရဲအရှိန်အဝါကြောင့် မေ့မြောသွားတဲ့အချိန်မှာ ကိုးလ်က ကိုယ့်ရဲ့နားရွက်ထဲကို ပိုးကောင်တစ်ကောင် ထည့်ခဲ့တယ်”ဂူမန်မန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်
“ ဘာ ပိုးကောင်လဲ”လီရာက ပြန်ပြောလိုက်သည်
“ အဲ့တာက နှင်းမြေခွေးမျိုးနွယ်စုက ဆင်းသက်လာတဲ့ ရှေးဟောင်းနည်းပညာတစ်ခုပဲ။ အဲ့တာက လူတစ်ယောက်ရဲ့အတွေးတွေကို ရှုပ်ယှက်ခတ်အောင် လုပ်နိုင်သလို အဲ့ဒီပိုးကောင်ရဲ့ ပိုင်ရှင် ပြောတဲ့အတိုင်းလည်း လုပ်ပေးနေရတတ်တယ်”လီရာက ဂူမန်မန် စိတ်ပူနေပုံကိုကြည့်ကာ နွေးထွေးစွာပြုံးလိုက်သည်။ သူ အရမ်းကြည်နူးနေမိ၏။
ESTÁS LEYENDO
အလှလေး ရှောင်မန် Book 5 (645- 994)
Romancesequel of book 4 translation of Beauty and the beast wolf hubby xoxo all crd to original Author su yujin you can read in webnovel