အခန်း (965 & 966)

768 93 0
                                    

အခန်း (၆၉၅) : ကိုယ် မင်းကို ဘယ်တော့မှ စွန့်မပစ်ဘူး

လီရာက  အထိတ်တလန့်ဖြင့် ခေါင်းယမ်းကာ ပြောလိုက်သည်
“ ကိုယ် မင်းကို ဘယ်တော့မှ စွန့်မပစ်ဘူး”

ဂူမန်မန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာ မက်မွန်သီးကို ကိုက်လိုက်ရင်း ပြောလိုက်သည်
“ ပုံမှန်ဆိုရင် ချစ်တယ်လို့  ပြောပြီးတာနဲ့ တောင်းပန်ပါတယ်လို့ပြောတာက ရှင် ကျမကို စွန့်ပစ်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကျမကို စွန့်ပစ်ဖို့ ဆန္ဒမရှိဘူးဆိုရင် အဲ့လိုတွေ မပြောနဲ့တော့။ မဟုတ်ရင်တော့ ကျမက နားလည်မှုလွဲသွားလိမ့်မယ်”

ထိုကဲ့သို့သော တုံ့ပြန်မှုမျိုးကို မမျှော်လင့်ထားသောကြောင့် ကြောင်တောင်တောင် ဖြစ်သွားရသည်။

လီရာက အကြာကြီး တွေဝေပြီးမှ မေးလိုက်သည်
“ မင်း ကိုယ့်ကို စိတ်မဆိုးဘူးလား။ ကိုယ်က….”

ဂူမန်မန်က မက်မွန်သီးကို စားပြီးနောက်မှာတော့ လီရာကို မော့ကြည့်ကာ ပြောလိုက်သည်
“ ကျမက ဘာလို့ စိတ်ဆိုးရမှာလဲ။ ရှင်က ကျမကို ရိုမတ်တစ်ဆန်တဲ့ ပျားရည်စမ်း ခရီးကို  ခေါ်လာပေးတာ မဟုတ်ဘူးလား”

ဂူမန်မန် စန္ဒီကို ပြောခဲ့သော ပုံပြင်တွေအရ ရိုမတ်တစ်ဆန်တဲ့ ပျားရည်ဆမ်းခရီးက ဘာလဲဆိုတာကို သိသည်။

တစ်ချို့ရှုထောင့်ကနေ ကြည့်ရင် သူမ ပြောတာက မှန်သည်။

လီရာကလည်း ဂူမန်မန်၏စကားကို နားထောင်ရင်း ခေါင်းညိတ်လိုက်မိသည်။

ဂူမန်မန်က ရယ်ကာ လီရာ၏ပုခုံးကို ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်
“ ရှင့်ရဲ့ မနေ့က ပြုမူပုံက မကောင်းဘူးနော်။ ကျမတို့ ပြန်သွားရင် အဲလ်ဗစ်က ရှင့်ကို လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။ သူက ပထမပါတနာဆိုတော့ မိသားစုထဲမှာ သူ့ကို အမိန့်ပေးခွင့်ပြုလိုက်ပါ။ ကျမ…..ကျမတို့ အခုထွက်လာပြီဆိုတော့ အခုတော့ ကျမတို့ဘာသာပဲ ပျော်ရအောင်”

ဂူမန်မန်က ဒေါသထွက်ပြီး သူ့ကို အပြစ်ပေးတာတို့၊ သတ်ပစ်တာတွေ လုပ်မယ်လို့ ထင်ခဲ့သည်။

အလှလေး ရှောင်မန် Book 5 (645- 994)Opowieści tętniące życiem. Odkryj je teraz