အခန်း (859 & 860)

508 79 1
                                    

အခန်း (၈၅၉) : အစကတည်းက ထိုးချင်နေတာ

အဲလ်ဗစ်က ပြုံးကာ ဘာစကားတစ်ခွန်းမှ ပြန်မပြောပဲ ကိုးလ်ဆီသာ သွားလိုက်သည်။

သူ့ကို ရိုက်လိုက်……

ဂူမန်မန် ပြောတဲ့စကားတွေထဲမှာ ‘ချစ်တယ်’ပြီးရင် ‘ရိုက်လိုက်’ဆိုတဲ့စကားကို အဲလ်ဗစ်အကြိုက်ဆုံးပဲ

အထူးသဖြင့် ရိုက်ရမဲ့သူက ကိုးလ်ဖြစ်နေရင်ပေါ့

သူရဲ့အစွယ်နဲ့ လက်သည်းတွေကလည်း တကယ်ကို ယားနေပြီဖြစ်သည်။

အဲလ်ဗစ်ရဲ့ သေစေလောက်တဲ့ တိုက်ခိုက်မှုတွေကို ကိုးလ်က မတုံ့ပြန်ခဲ့ပေ။ သူ့ကြည့်ရတာ ပြန်ပြီးတိုက်ခိုက်မဲ့ပုံစံလည်း မပေါ်ပေ။

‘ဒါက ငါလိုချင်တဲ့အရာပဲ’ဆိုသော မျက်နှာထားဖြင့် ပြုံးပြုံးလေးသာ နေသည်။

ထင်ထားတဲ့အတိုင်း ဖြစ်ပျက်နေတာတွေက ပုံမှန်တော့ မဟုတ်ပေ။

ဘာတွေဖြစ်နေလဲဆိုတာကို အဲလ်ဗစ် မသိခင်မှာပဲ သူ ရိုက်နေသောသူက ကိုးလ်မဟုတ်ဘူးဟု ခံစားလာရသည်။

အနက်ရောင်ပုံရိပ်က အဲလ်ဗစ်၏ တိုက်ခိုက်မှုကြောင့် ထောင့်တစ်နေရာသို့ လွင့်ထွက်သွားသည်။ ကြည့်လိုက်တော့ ချီရွှမ်ဖြစ်နေသည်။

ထိုသေးငယ်သော ခန္ဓာကိုယ်လေးရဲ့ ပါးစပ်ကနေ သွေးတွေလည်း စီးကျနေသည်။ သူ့ ခန္ဓာကိုယ်တစ်ခုလုံး အားမရှိသော်လည်း ခေါင်းထောင်ကာ အဲလ်ဗစ်ကို ကြည့်နေဆဲပင် ဖြစ်သည်။ သူသာ ကိုးလ်ကို ထပ်ပြီးတိုက်ခိုက်ပါက အခုချက်ချင်းပင် အဲလ်ဗစ်ကို အသေတိုက်ခိုက်တော့မဲ့ပုံစံဖြင့် ကြည့်နေသည်။

ချီရွှမ်ကို မြင်လိုက်ရသည့်အတွက် ဂူမန်မန် ထိတ်ထိတ်လန့်လန့် ဖြစ်သွားသည်။

ကိုးလ်ကို တိုက်ခိုက်ဖို့အတွက် အဲလ်ဗစ်က အားအင်အပြည့် ဖြည့်ထားသည်။ ကိုးလ်ကိုသာ တိုက်ရိုက်ထိသွားခဲ့လျှင် သူ့လည်ပင်းတောင် ပြတ်သွားနိုင်သည်။

ချီရွှမ်က အသွင်တောင် မပြောင်းနိုင်သေးသည့်အတွက် ပဉ္စမအဆင့်သားရဲဖြစ်သော အဲလ်ဗစ် တိုက်ခိုက်တာကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

အလှလေး ရှောင်မန် Book 5 (645- 994)Where stories live. Discover now