အခန်း (895 & 896)

441 71 0
                                    

အခန်း (၈၉၅) : ကျမနှင့် ချစ်ကျွမ်းဝင်သော အာဏာရှင် စီနီယာ

“ မင်း အိပ်နေတုန်း တစ်ခြားတစ်ယောက်က မင်းဘေးမှာ ဝင်ထိုင်နေမှာစိုးလို့ ကိုယ့်နေရာကို ကာကွယ်ဖို့ ရောက်လာတာလေ” စနိတ်ခ်က ပြုံးရင်း ချိုသာစွာ ပြောလိုက်သည်။

ဂူမန်မန် ကြက်သီးထသွားသောကြောင့် ပုခုံးတွေကို ပွတ်ကာ ပြောလိုက်သည်

“ အင်း….ထားပါဦး။ ကျမ သန့်စင်ခန်းသွားချင်လို့”

စနိတ်ခ်က မတ်တပ်ရပ်ကာ ဂူမန်မန်ကို လမ်းဖယ်ပေးလိုက်သည်။

ဂူမန်မန် ထွက်သွားတော့ စနိတ်ခ်ကပါ နောက်ကနေ လိုက်လာသည်။ သူလိုက်လာတာကို သိပြီး သူမ ရှက်နေတာကိုတွေ့တော့ သူ ပြုံးလိုက်မိသည်။

ဂူမန်မန် သန့်စင်ခန်းအလွတ်ထဲသို့ ဝင်ကာ တံခါးကို လော့ချထားလိုက်သည်။ ထို့နောက် သူမ ထိုင်လိုက်တာနဲ့ အပြင်ကနေ စကားပြောသံတစ်ချို့ကို ကြားလိုက်ရသည်

“ အာ….နင် သိပြီးပြီလား။ အဲ့ဒီ ကောင်မလေးကလေ……”

“ ဘယ်လိုလုပ်ပြီးတော့ မသိပဲ နေပါ့မလဲ။ သူမရဲ့ပုံက ကျောင်းရဲ့ website မှာတင်ထားတယ်လေ…..ကျစ် ကျစ် ကျစ်….သူမကို ကြည့်ရတာ အတော်လေး ငြိမ်တဲ့ပုံပေါက်ပေမဲ့ တကယ်တော့ ကျွမ်းကျင်ပြီး အဆင့်မရှိတဲ့ ဟာမပဲ”

“ အမှန်ပဲ။ မနက်ပိုင်းမှာကျတော့ ဘက်စကတ်ဘောအသင်းက ခေါင်းဆောင်ကို ဖွင့်ပြောတယ်တဲ့။ ပြီးတော့ အတန်းချိန်မှာ ကျောင်းက အမိုက်ဆုံးကောင်လေးကို ရှက်သလိုလို ဘာလိုလိုနဲ့ လုပ်နေတာ။ အတန်းလည်းပြီးရော sugar daddy တစ်ယောက်နဲ့ ကောက်ကောက်ပါသွားတာများ……ကျစ်…ကျစ်…ကျစ်…။ သူမက အရမ်းကျွမ်းတယ်နော်”

“ ငါ သဘောတူတယ်။ ဘတ်စကတ်ဘောအသင်းရဲ့ ခေါင်းဆောင်ကလည်း ချောသလို အမိုက်ဆုံးကောင်လေးကလည်း ရေကူးအသင်းကဆိုတော့ ချောလည်းချော ခန္ဓာကိုယ်ကလည်း မိုက်တယ်လေ……သူမရဲ့ sugar daddyက ဘယ်သူဆိုတာကို သိချင်လိုက်တာ။ တစ်နေ့ထဲနဲ့ ယောက်ျားသုံးယောက်ကို တွဲတာနော် သူမက ကျားလို လူစားမျိုးပဲ”

..........

အစတုန်းကတော့ ဂူမန်မန်စိတ်ရှုပ်သွားသည်။ ဒါပေမဲ့ သူတို့ပြောနေတဲ့ ကောင်မလေးအကြောင်းက ဘာလို့ သူမနဲ့ တူတယ်လို့ ခံစားလာရတာလဲ

အလှလေး ရှောင်မန် Book 5 (645- 994)Waar verhalen tot leven komen. Ontdek het nu