အခန်း (929 & 930)

440 71 1
                                    

အခန်း (၉၂၉) : ဂူမန်မန်ရဲ့ ရှေ့မှာ ဘာလို့ သားရဲအရှိန်အဝါ ထုတ်ရတာလဲ

ကိုးလ်က အနောက်ဘက် ခြေတစ်လှမ်းအကွာကနေ လိုက်လာသည်။ သို့သော် သူက အဲ့ဒီအဖွဲ့ထဲက မဟုတ်ကြောင်း ရှင်းလင်းထင်ရှားသည်။

သူတို့ရဲ့ မိသားစုထဲ ဘယ်တော့မှ ရောက်နိုင်မည်မဟုတ်ပေ။ သူက အရိပ်တစ်ခုလိုသာ လိုက်ပါနိုင်သည်။

အဲ့ဒီအချိန်မှာ ချီရွှမ်က ကိုးလ်ဘေးကနေ လမ်းလျှောက်ပေးသည်။ သူက အဖွဲ့ထဲကဖြစ်သော်လည်း အရိပ်ထဲမှာသာ နေသည်။

သူ့ကြောင့်သာ မဟုတ်ပါက ဂူမန်မန်က ကိုးလ်ကို ချက်ချင်းနှင်ထုတ်လိုက်နိုင်သည်။

သူ့ရဲ့ရွေးချယ်မှုက အမေဖြစ်သူကို စိတ်ဖိစီးမှုရစေမှန်း သိတာကြောင့် ချီရွှမ် အရမ်းလည်း အားနာမိသည်။ သို့သော် နောင်တတော့ မရပေ။ တစ်နေ့ကျ သူ့ရဲ့အမေရင်းက သူရှာနေတဲ့ ပြဿနာတွေကို စိတ်ကုန်ပြီး သူ့ကို သတ်ဖို့ဆုံးဖြတ်လိုက်ရင်လည်း အခုလုပ်ရပ်တွေကို သူ လုံးဝ နောင်တရမည်မဟုတ်ပေ။

အကုန်လုံးက မုန်းနေကျတဲ့သူကလည်း သူ့ကို ကိုမာဖြစ်နေတာကနေ ပြန်လည်နိုးထစေသူပဲလေ။ သူက သူ့ရဲ့ကြာရှည်လှတဲ့ ကိုမာရောဂါကြောင့် ထိုင်တောင် ထိုင်နိုင်ခဲ့တာ မဟုတ်ဘူး။ ချီရွှမ်ရဲ့ မှတ်ဉာဏ်တိုင်းမှာ သူက ပါဝင်နေတာကြောင့် သူက ချီရွှမ်ရဲ့ ဘဝမှာ အရေးပါဆုံး ဖြစ်လာတာပဲ

ပြီးတော့ သူက ကိုးလ်အပေါ်လည်း အကြွေးတင်နေသည်

ပြီးတော့ ဒီအကြွေးကို သူကပဲ ပြန်ဆပ်ပေးနိုင်တာလေ

ဂူမန်မန် စန္ဒီတို့အိမ်သို့ ရောက်တဲ့အချိန်မှာတော့ ဘိုဒီက နေ့လည်စာ ပြင်နေပြီ ဖြစ်သည်။

အဲလ်ဗစ်က ဂူမန်မန်ကို လီရာနဲ့အတူထားခဲ့ပြီး ကလေးသုံးယောက်နဲ့ ကောလင်းကိုတော့ လေ့ကျင့်ရေးဆင်းဖို့အတွက် ခေါ်သွားပေးသည်။

အဲ့လောက်ထိ လောဖို့မလိုဘူးဟု ဂူမန်မန် ထင်မိသည်။

ကောလင်းက မနေ့ကမှ လက်မောင်း ဒဏ်ရာရထားတာလေ….အရင်ဆုံး ရက်အနည်းငယ်လောက် ကောင်းကောင်းနားသင့်တာ မဟုတ်ဘူးလား

အလှလေး ရှောင်မန် Book 5 (645- 994)Where stories live. Discover now