အခန်း (689)

681 73 0
                                    

အခန်း (၆၈၉) : ကိုယ်က တဖြည်းဖြည်းနဲ့ ထိန်းချုပ်မှုကင်းလွတ်နေပြီ

ခံစားချက်က ဘွဲ့နှင်သဘင်ခန်းမကို ရောက်သွားသလိုပင်……

ဂူမန်မန် အရမ်းကို စိတ်လှုပ်ရှားနေသည်။ သူမရဲ့ကလေးတွေက နေ့တိုင်း လေ့ကျင့်ရေးဆင်းနေတာကြောင့် ညပိုင်းတွေ ညစာပြန်မစားတာ နည်းနည်းကြာပြီဖြစ်သည်။ သူတို့ရလာတဲ့သားကောင်ကိုတော့ ဘာကီနဲ့အတူစားလေ့ရှိသည်။ ထိုအရာကပဲ ဂူမန်မန်ကို မပျော်မရွှင်ဖြစ်စေသည်။ သူမရဲ့ကလေးတွေကို လုယူသွားသလိုခံစားရသည်။ သို့သော်လည်း သူမရဲ့ဘေးမှာနေဖို့ ဖိအားလည်း မပေးနိုင်ပေ။ သူတို့က ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အရွယ်ကို ရောက်နေပြီဖြစ်သည်။

လီရာက ဘာကီ၏လည်ပင်းကို ဆုပ်ကိုင်ထားရင်း လက်သည်းနဲ့ အသားကိုဖဲ့လိုက်ရာ ဘာကီရဲ့လည်ပင်းက သွေးစက်တွေ မြေပြင်ပေါ်သို့ ကျသွားသည်။
“ ငါ မင်းကို မသတ်ခင် တိတ်တိတ်လေး ထွက်သွားလိုက်”

ဘာကီကတော့ ကြောက်တဲ့ပုံမပြပဲ ဂူမန်မန်ကိုသာ စိုက်ကြည့်နေသည်။ သူက လီရာရဲ့ ခြိမ်းခြောက်မှုကိုလည်း လျစ်လျူရှုထားလိုက်သည်။

သူ့ရဲ့အပြုအမူကြောင့် လီရာရဲ့လက်တွေက ပိုမိုတင်းကြပ်စွာဖြင့် လည်ပင်းကို ညှစ်ထားလိုက်သည်။

ဘာကီရဲ့ မျက်နှာနီရဲလာသလို မျက်လုံးတွေကလည်း အကြောတွေထောင်လာသည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သည်းခံလိုက်ရမလား ပြန်လည်တုံ့ပြန်ရမလားဆိုတာကို စဉ်းစားနေသည်။

အကယ်၍ ဂူမန်မန်က သူ့ကို လက်ခံခဲ့မယ်ဆိုရင်တောင် သူကတော့ လီရာနဲ့ဘယ်လိုမှ အဆင်ပြေမည်မဟုတ်ပေ။

ဂူမန်မန်က လီရာကို အရမ်းကြိုက်တာကြောင့် သူသာ တစ်ခုခုပြန်လုပ်လိုက်ပါက မှားသွားလိမ့်မည်။

ဂူမန်မန်က အဲလ်ဗစ်ရဲ့ရင်ခွင်ဆီမှ ခုန်ဆင်းကာ လီရာဆီသွားလိုက်ပြီး ဘာကီကိုကျောပေးထားကာ လီရာကို ကြည့်ရင်း ပြောလိုက်သည်
“ ကျမကို ဖက်ထားပေး”

လီရာက ခေါင်းငုံ့ကြည့်လိုက်တာနဲ့ ဂူမန်မန်၏ အပြုအမူကြောင့် သဝန်တိုမှုတို့ အကုန်ပျောက်သွားရသည်။ သူ့လက်ကိုလည်း သွေးစက်တွေကို သန့်ရှင်းစေပြီး လူအသွင် ပြန်ပြောင်းလိုက်သည်။

အလှလေး ရှောင်မန် Book 5 (645- 994)Waar verhalen tot leven komen. Ontdek het nu