အခန်း (၉၈၉) : မင်းနဲ့ လဲလှယ်လို့ရလား
ဂူမန်မန်က ကိုးလ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်
" ရှင် ကျမကို လိမ်ခဲ့ရင် အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲပစ်မယ်"
ကိုးလ်က ခပ်ဖွဖွရယ်ကာ လက်ဖြန့်ပေးရင်း ပြောလိုက်သည်
" ကိုယ့်ကို တောအုပ်ရဲ့ဝိညာဉ်ပေး"
ဂူမန်မန်လည်း ချက်ချင်း ကိုးလ်ရဲ့လက်ထဲကို ထည့်ပေးလိုက်သည်။
ကိုးလ်လည်း အချိန်ထပ်ဖြုန်းမနေတော့ပဲ ချီရွှမ်ဘေးတွင် ထိုင်ချလိုက်သည်။ ထို့နောက် တောအုပ်ရဲ့ဝိညာဉ်ကို ချီရွှမ်၏ မျက်ခုံးပေါ်သို့ တင်လိုက်သည်။
အဲ့ဒီအညှောင့်လေးက ချီရွှမ်၏ မျက်ခုံးထဲသို့ ပျော်ဝင်သွားသည်။
ချီရွှမ်၏ နဖူးပေါ်တွင် တက်တူးလိုမျိုး အမှတ်တစ်ခုပေါ်လာသည်။ အရွက်နှစ်ရွက်ပါသော အညှောင့်ပုံစံလေး ဖြစ်သည်။
မှော်ဆန်သောအရာတွေက ဂူမန်မန်၏ မျက်စိရှေ့မှာပင် ဖြစ်ပျက်နေသည်။ ချီရွှမ်ရဲ့ ဒဏ်ရာတွေ ပြန်လည်သက်သာလာပြီး အသက်ရှူနှုန်းပါ မှန်လာသည်။
လီရာ ချီရွှမ်အနားကို သွားကာ စစ်ဆေးလိုက်ပြီးနောက် ဂူမန်မန် ရှိရာဘက်သို့လှည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ဂူမန်မန်လည်း အခုမှ သက်ပြင်းချနိုင်သွားတော့သည်။
ကိုးလ်က ခေါင်းတဆတ်ဆတ် ညိတ်ကာ ဂူမန်မန်ကို ကြည့်ရင်း ပြောလိုက်သည်
" အာဂူ ကိုယ်က ရွှမ်လေးကို ထပ်ပြီးကူညီခဲ့တယ်။ မင်း ကိုယ့်ကို ဘယ်လိုပြန်ပေးဆပ်မလဲ"
" ပြန်ပေးဆပ်ရမယ် ဟုတ်လား" ဂူမန်မန်က စိတ်တိုစွာ ပြောလိုက်သည်
" ရှင်ပဲ ကျမသားကို သေလုနီးပါးဖြစ်အောင် လုပ်ခဲ့တာလေ။ ကျမက ဘာလို့ ရှင့်ကို 'ပြန်ပေးဆပ်'သင့်တာလဲ"
ကိုးလ်က ဘာမှမသိသောပုံစံဖြင့် ဂူမန်မန်ကို ကြည့်ကာ ပြောလိုက်သည်
" ဒီမှာနေခဲ့ပြီးတော့ လီယိုနာ့ဒ်နဲ့ တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာက ရွှမ်လေးကိုယ်တိုင်ပဲလေ။ သူက အရွယ်ရောက်နေပြီဆိုတော့ သူ့လုပ်ရပ်အတွက် တာဝန်ယူသင့်တယ်လေ မဟုတ်ဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် ရွှမ်လေးကို ဒဏ်ရာရအောင်လုပ်ခဲ့တာက လီယိုနာ့ဒ်လေ...
KAMU SEDANG MEMBACA
အလှလေး ရှောင်မန် Book 5 (645- 994)
Romansasequel of book 4 translation of Beauty and the beast wolf hubby xoxo all crd to original Author su yujin you can read in webnovel