အခန်း (771 & 772)

642 102 2
                                    

အခန်း (၇၇၁) : အစ်ကို ပြန်လာတာ အရမ်းမိုက်တယ်

မယ်လင်ဒါက မနေ့က ဘာတွေဖြစ်ခဲ့လဲဆိုတာကို ဂူမန်မန်ကို ပြန်ပြီး ပြောပြနေသည်။ သူမ ပြောပြတာတွေက လီရာ သူမကို ပြောပြတာနှင့် အတူတူနီးပါးပင် ဖြစ်သည်။

သားရဲနတ်ဘုရား၏ ကျိန်စာကို ကြောက်ရွံ့သောကြောင့် ဒိုရာက ငါးကြီးမျိုးနွယ်စု၏ ရတနာကို ပြန်လာထားပြီး မယ်လင်ဒါကို ခိုးသူအဖြစ် စွပ်စွဲခဲ့သည့်အတွက် တောင်းပန်သည်။ ဒိုရာက ငါးကြီးမျိုးနွယ်စု၏ ကျွန်အဖြစ် အကျဉ်းချ ခံထားရပြီး တစ်ခြားမျိုးနွယ်စုနှင့် လဲလှယ်ရန် ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ အမျိုးသမီး တစ်ယောက်အတွက်တော့ ဒါက အပြစ်ပေးခံမှု မဟုတ်သေးပေ။ သူမက တစ်ခြားမျိုးနွယ်စုဆီ ရောက်သွားခဲ့လျှင်တောင် အမျိုးသမီးတစ်ယောက် ဖြစ်နေသည့်အတွက် တန်ဖိုးထားခံရမည် ဖြစ်သည်။

မယ်လင်ဒါ၏ ကိစ္စကို ဖြေရှင်းပြီးသွားသည့်အတွက် ငါးကြီးမျိုးနွယ်စုအနေနဲ့ သူမကို ဖမ်းချုပ်ထားပိုင်ခွင့် မရှိတော့ပေ။

သူမကို မှားပြီး စွပ်စွဲခဲ့သည့်အတွက် ကာတားက ရေသူမျိုးနွယ်စု၏ ပိုင်နက်ကို သူမထံ ပြန်ပေးလိုက်သည်။

အကုန်လုံးက သူ့နေရာသူ ပြန်ရောက်သွားပြီ ဖြစ်သည်။

သို့သော် ကာတား၏ မယ်လင်ဒါပေါ် ထားတဲ့အချစ်တွေကတော့ တစ်နေ့ထက်တစ်နေ့ တိုးနေသည်။

မယ်လင်ဒါကလည်း ကာတားကို ပိုပိုပြီး ကြောက်လာရသည်။

မယ်လင်ဒါ၏ ပြောပြပုံကိုကြည့်ကာ ဂူမန်မန် မရယ်မိအောင် မနည်းထိန်းထားရသည်။

သားရဲနတ်ဘုရား၏ ကျိန်စာတဲ့လား။ အဲ့တာကရော ဘာလဲ။ သူတို့က လွယ်လွယ်နဲ့ အလိမ်ခံကြတာပဲ……

ဂူမန်မန်နဲ့ မယ်လင်ဒါတို့ စကားပြောပြီးနောက်မှာတော့ ဖေးလွေ့နဲ့ ကာတားတို့က ပင်လယ်စာအချို့ဖြင့် ပြန်လာကြသည်။

ကာတား သယ်လာတဲ့ ငါးကို ကြည့်မိတော့ ဂူမန်မန်၏ နှလုံးခုန်သံပင်မြန်လာရသည်…….

အင်း…သူမက ပင်လယ်စာ စားချင်တယ်…ငါးစားချင်တယ်လို့ ပြောခဲ့တာ

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora