အခန်း (991 & 992)

476 65 0
                                    


အခန်း (၉၉၁) : အာဂူ မင်းက ကိုယ့်ကိုပါ အတူတူလိုက်လာဖို့ ခေါ်နေတာလား

ချီရွှမ်ကို ကိုးလ် ခေါ်သွားတော့မှာကို သိသည့်အတွက် မသွားခင် ပြောလိုက်သည်

" ချီရွှမ် သားကို နောက်ဆုံးတွေ့ထားရတာ ကြာနေပြီလေ။ မာမီနဲ့ ရက်နည်းနည်းလောက် နေပါ့လား ဟမ်။ ရက်နည်းနည်းပဲလေ...."

ချီရွှမ်ကတော့ ကိုးလ်ကိုသာကြည့်လိုက်သည်။

ကိုးလ်က ကိုယ့်ဆုံးဖြတ်ချက်ကိုချဆိုသော ပုံစံဖြင့် ပြုံးပြလိုက်သည်။

ဂူမန်မန်ကတော့ ကိုးလ်ကို လျစ်လျူရှုကာ ချီရွှမ်အနားမှာ ရပ်ရင်း ပြောလိုက်သည်

" မင်းရဲ့အစ်ကိုတွေကလည်း ဒီနားက လေလွင့်သားရဲတွေနေတဲ့ နေရာမှာ ရောက်နေတယ်။ သူတို့ကလည်း ပထမအဆင့်သားရဲ ဖြစ်သွားပြီလေ။ မင်းက သူတို့အသွင်ပြောင်းထားတာကို မမြင်ရသေးဘူးမလား။ သူတို့ကို ကြည့်ဖို့ အလည်လိုက်ခဲ့ပါလား"

ချီရွှမ်ကတော့ နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ ကိုးလ်ကို ကြည့်နေပြန်သည်။

ဂူမန်မန်ကတော့ နှုတ်ခမ်းတွေကို ကိုက်လိုက်သည်။ သူမရဲ့သားကို အနားမှာရှိစေဖို့ လူတစ်ယောက်နဲ့ ညှိနှိုင်းရမယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။ ပြီးတော့ အဲ့ဒီလူက ကလေးရဲ့အဖေပင် မဟုတ်ပေ။

ဂူမန်မန် အောက်ကျို့မခံချင်သော်လည်း သူမ သားအတွက်တော့ လုပ်ရမည်။

ဂူမန်မန်က ချီရွှမ်ထွက်ပြေးသွားတော့မှာကို ကြောက်သည့်ပုံဖြင့် လက်ကောက်ဝတ်ကနေ သေချာကိုင်ထားကာ ကိုးလ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်

" ကျမ ချီရွှမ်ကို ရက်အနည်းငယ်လောက် ခေါ်ထားချင်တယ်"

ကိုးလ်ကတော့ ဘာမှမသိတဲ့ပုံစံဖြင့် လက်ကို နောက်ပစ်ကာ ရပ်နေသည်။

သူက 'ရတယ်'လို့ မပြောမချင်း ချီရွှမ်ကလည်း လိုက်လာမယ့်သဘောမရှိပေ။

ဂူမန်မန် အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်

" လေလွင့်သားရဲတွေနေတဲ့နေရာက ရှင့်ပိုင်နက်ပဲ မဟုတ်ဘူးလား။ ရှင်က ဒီမှာရှိနေပြီဆိုတော့ ဘာလို့ သွားမကြည့်တာလဲ"

အလှလေး ရှောင်မန် Book 5 (645- 994)Where stories live. Discover now