အခန်း (661)

792 76 0
                                    

အခန်း (၆၆၁) : တော်လှန်ရေးတစ်ခု စတင်ပြီ

အဲလ်ဗစ်က ပန်းကန်လုံး  အလွတ်ကို ကြည့်ရင်း ဘာပြန်ပြောရမယ်မှန်းမသိဖြစ်သွားသည်။
သူ့ရဲ့ ဝံပုလွေသားပေါက်ကို အစာကျွေးတာကရော မှားတာပဲလား

ကန်ဝူက အောက်နှုတ်ခမ်းကို ကိုက်ရင်း မျက်ရည်တွေကို ထိန်းထားကာ ပြောလိုက်သည်
“ မာမီ ဒေါသမထွက်ပါနဲ့တော့။ အားနည်းတဲ့သူတွေမှာ ပြန်လည်ခုခံခွင့်မှ မရှိတာ။ တစ်နေ့ ကျတော်သန်မာလာပြီး မာမီ ကျတော့်အတွက် ထပ်ပြီး မစိုးရိမ်စေရတော့ဘူး”

သူ ပြောပြီးတာနဲ့ မတ်တပ်ထရပ်ကာ ထွက်ပြေးသွားသည်။

ဂူမန်မန်က သူ့နောက်ကို လိုက်သွားချင်သော်လည်း သူမရဲ့ ခန္ဓာကိုယ်က တစ်ဖက်သို့ ယိမ်းယိုင်သွားရသည်။ ကံကောင်းစွာနဲ့ အနားမှာရှိနေသော အဲလ်ဗစ်က သူမကို အမြန်လှမ်းဖမ်းလိုက်နိုင်သည်။

ဂူမန်မန် အဲလ်ဗစ်ကို တွန်းထုတ်ဖို့လုပ်လိုက်တဲ့အချိန်မှာ ညည်းညူသံကို ကြားလိုက်ရသည်။ သူ့ကို ကြည့်လိုက်တော့ နဖူးမှာ ချွေးတွေထွက်နေသည်ကို တွေ့လိုက်ရသည်။ ဒဏ်ရာကလည်း မကျက်သေးခင်မှာ သူမကို အချိန်မီဖမ်းလိုက်ရတာကြောင့်ပင် ဖြစ်လိမ့်မည်။

လမ်းလျှောက်ရတာတောင် ခက်ခဲနေသော အခြေအနေတွင် အမျိုးသမီးတစ်ယောက်ကို ဖမ်းဆုပ်ဖို့က ပိုပြီးခက်ခဲမှာ သေချာသည်။

အပြစ်တင်ပြောဆိုမဲ့ စကားသံတွေက လည်ချောင်းဝမှာတင် ရပ်တန့်သွားပြီး ကန်ဝူပြေးထွက်သွားတဲ့ဘက်ကိုသာ စိုးရိမ်စွာနဲ့ ကြည့်နေလိုက်တော့သည်။

ဘာကီက ကျာလွဲ့၏  အကူအညီနဲ့ မတ်တပ်ရပ်ကာ ဂူမန်မန်ဆီသွားရင်း သူမ ဘေးတွင်ရပ်ကာ နှစ်သိမ့်ပေးလိုက်သည်
“ မစိုးရိမ်ပါနဲ့ ကျတော် သူ့ကို ဂရုစိုက်လိုက်ပါ့မယ်”

ဂူမန်မန်က ဘာကီကိုကြည့်ရင်း ပြောလိုက်သည်
“ ရှင့်ကို ဒုက္ခထပ်ပေးရတာ အားနာလိုက်တာ”

ဘာကီက တခစ်ခစ်ရယ်ကာ ပြောလိုက်သည်
“ မင်းသာ သားရဲအရှိန်အဝါမထုတ်ခဲ့ဘူးဆိုရင် လေလွင့်သားရဲနှစ်ကောင်ရဲ့ ဒုတိယအကြိမ်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ အဲ့တာကြောင့် မင်းကသာ ကိုယ့်အသက်ကို ကယ်ပေးခဲ့တဲ့သူပါ။ ဒါကြောင့် မင်းကို ကျေးဇူးပြန်ဆက်ဖို့ဆိုရင် ကန်ဝူကို စောင့်ရှောက်ပေးတယ်ဆိုတာက ဘာမှအပန်းမကြီးပါဘူး။ သူက တကယ်ကို အလိုက်သိတဲ့ကလေးပါ”

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora