အခန်း (၆၉၁) : သူမကို သေချာဖက်ထားနော်…..သေချာဖက်ထား
ထိုအချိန်တုန်းက စနိတ်ခ်က သူမရဲ့ကမ္ဘာကို ပြန်နိုင်တဲ့ နည်းလမ်းကိုသိသည်ဟုလည်း သူမက ပြောခဲ့ဖူးသည်။ သို့သော် သူမက စနိတ်ခ် ပြောတာကို နားမထောင်ခဲ့ပေ။ သူမ ပြန်မသွားချင်တာကြောင့် သူမ မသိချင်ခဲ့တာလို့လည်း ပြောခဲ့သေးသည်။
ဒါပေမဲ့ အခုဆိုရင် သူမက စနိတ်ခ်ရဲ့ မှတ်ဉာဏ်တစ်ခုလုံးကို အမွေဆက်ခံထားသည်။
သူ့ရဲ့ကျယ်ပြန့်လှတဲ့ မှတ်ဉာဏ်ထဲမှာလည်း အဲ့ဒီနည်းလမ်း ပါနေသေးသည်။
ထိုအကြောင်းကို တွေးမိတိုင်း လီရာရဲ့စိတ်တွေ ပေါက်ကွဲထွက်မလိုဖြစ်နေသည်။ ဘာကိုမှလည်း အာရုံမစိုက်နိုင်တော့ပေ။ ဂူမန်မန်ကို ဖက်တွယ်ထားတာအပြင် သူမက သူ့ကို ထားမသွားဖို့ သူလုပ်နိုင်သော တစ်ခြားအရာ မရှိတော့ပေ။
အကြာကြီးနေမှ သူက မတ်တပ်ရပ်ကာ ပြောလိုက်သည်
“ ကိုယ်တို့ပြန်ရအောင် အဲလ်ဗစ် စိတ်ပူနေလိမ့်မယ်”“အမ်…” ဂူမန်မန်လည်း မငြင်းဆန်ပဲ လီရာကို ချီခိုင်းထားသည်။
သူတို့ပြန်ရောက်သွားတဲ့အချိန်မှာတော့ အဲလ်ဗစ်က ဘာကီကို မောင်းထုတ်ပြီးပြီဖြစ်သည်။
လီရာက ဂူမန်မန်ကို အဲလ်ဗစ်ရဲ့လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။ ဂူမန်မန် အဲလ်ဗစ်ရဲ့ရင်ခွင်ထဲမှာ စိတ်လေးလံသော မျက်နှာထားဖြင့် လှဲနေပုံကိုကြည့်ရင်း လီရာလည်း စိတ်မသက်မသာဖြစ်လာရသည်။ အဲလ်ဗစ်ရဲ့ လွတ်နေသော လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်း ဂူမန်မန်၏ကျောပေါ်သို့ တင်ပေးကာ စိုးရိမ်ပူပန်သော အကြည့်များဖြင့် ပြောလိုက်သည်
“ သူမကို သေချာဖက်ထားနော်……သေချာဖက်ထား…”အဲလ်ဗစ်က လီရာကို ငေးကြည့်ကာ ပြောလိုက်သည်
“ ဘာပြဿနာ ရှိလို့လဲ”အခုတစ်လော လီရာရဲ့အပြုအမူတွေက အရမ်းကို ထူးဆန်းနေသည်။ သူမက ရှောင်မန်ကို သူ့အတွက်ပဲ အပိုင်သိမ်းဖို့ကြိုးစားနေပြီး တတ်နိုင်သလောက် သူနဲ့အတူ ရှိနေစေသည်။
အခု ရုတ်တရပ် သူမကို သူ့ရင်ခွင်ထဲ ထိုးသွင်းနေတာရော ဘာကြောင့်လဲ
YOU ARE READING
အလှလေး ရှောင်မန် Book 5 (645- 994)
Romancesequel of book 4 translation of Beauty and the beast wolf hubby xoxo all crd to original Author su yujin you can read in webnovel