အခန်း (857 & 858)

487 71 0
                                    

အခန်း (၈၅၇) : နင့်မိသားစုထဲကတစ်ယောက်က အံ့ဩစရာကောင်းတဲ့အရာတစ်ခုကို ပြင်ထားတယ်

သူတို့ ဆာရူဒါကို ရောက်တဲ့အချိန်မှာတော့ အခြေအနေက ဂူမန်မန် စိတ်ကူးထားတာနဲ့ လုံးဝ မတူပေ။

အဲ့ဒီမှာ လေလွင့်သားရဲတွေလည်း မရှိသလို သွေးထွက်သံယိုမြင်ကွင်းတွေလည်း ရှိမနေပေ။ အကုန်လုံးက အစီအစဉ်အတိုင်း ရှိနေသည်။

အော့လေနဲ့ ဘာရီတီတို့က စန္ဒီရယ် ကလေးသုံးယောက်ရယ်နဲ့အတူ သူတို့လာတာကို ကြိုဆိုဖို့ ဝင်ပေါက်တွင် ရပ်နေကြသည်။ သူမ စိတ်ကူးထားသောပုံစံနဲ့ အတော်ကွာခြားနေတာကြောင့် ဂူမန်မန် ပုံမှန်မဟုတ်သလို ခံစားရကာ ထူးဆန်းနေသည်။

“ မာမီ….” ဂူမန်မန်ရဲ့ ရင်ခွင်ထဲကို အရင်ဆုံး ပြေးဝင်လာသူ ဖြစ်သည်။ တစ်ခြားညီအစ်ကိုနှစ်ယောက်ကတော့ သူမရဲ့ ရင်ခွင်ထဲကို ပြေးလာတုန်းပင်ဖြစ်သည်။

သူမရဲ့ သားလေးတွေကို မမြင်ရတာ ကြာနေပြီဖြစ်သည့်အတွက် ဂူမန်မန် သူတို့ကို အတော်လွမ်းနေပြီဖြစ်သည်။ သူမရဲ့သားလေးသုံးယောက်ကို ဖက်ကာ နမ်းလိုက်ပြီးမှ သူတို့တွေ တကယ်ဘေးကင်းရဲ့လားဆိုတာ သိမှ သူမလည်း စိတ်အေးသွားရသည်။

“ နင် ဒီခရီးနဲ့ပတ်သက်ပြီး အများကြီး ခံစားခဲ့ရတယ်မဟုတ်လား။ ငါတို့ အရင်ဆုံးဆာရူဒါထဲ ပြန်ဝင်လိုက်ရအောင်” စန္ဒီက ဂူမန်မန်၏လက်ကို ဆွဲကာ ကလေးတွေကိုပါ ခေါ်ရင်း ဝင်သွားသည်။

ထို့နောက် လမ်းလျှောက်ရင်း ပြောလိုက်သည်

“ မိသားစုထဲက တစ်ယောက်က နင့်အတွက် အံ့ဩစရာကောင်းတာလေးတစ်ခု ပြင်ဆင်ပေးထားတယ်”

ဂူမန်မန် စဉ်းစားမရဖြစ်သွားသည်

မိသားစုထဲက တစ်ယောက်တဲ့လား

အဲလ်ဗစ်နဲ့ လီရာကို လှည့်ကြည့်လိုက်တော့လည်း သူတို့ မသိတဲ့ပုံစံဖြင့် ခေါင်းယမ်းပြလိုက်သည်။

သူတို့ဆိုလိုတာက ကိုးလ်ဖြစ်မှန်း ဂူမန်မန် နားလည်လိုက်သည်။

ဂူမန်မန်လည်း မျက်မှောင်သာကြုတ်ထားပြီး ဘာမှပြန်မပြောပေ။

အလှလေး ရှောင်မန် Book 5 (645- 994)Where stories live. Discover now