အခန်း (727 & 728)

639 73 0
                                    

အခန်း (၇၂၇) : သတ္တိရှိရင် ကျမကို ရိုက်လေ

ဂူမန်မန်က ထွက်သွားဖို့ လုပ်လိုက်ပေမဲ့ သားရဲနတ်ဘုရားက သက်ပြင်းချကာ တိုးတိုးလေး ပြောလိုက်သည်
“ တစ်ခြားတစ်ယောက်နဲ့ တိုက်ခိုက်လို့ သူ့ကလေး သေသွားမှာကို ဘယ်အဖေက မြင်ချင်ပါ့မလဲကွယ်….”

ဂူမန်မန်ကတော့ အကောင်းဆုံး  ခံစားချက်တွေနဲ့ နိုးထလာသည်။ ဒီနေ့ကျမှ ကောင်းကင်က ပိုပြီး  ပြာလဲ့နေသလို ခံစားရသည်။

အပျင်းကြောဆန့်ကာ အဲလ်ဗစ်  ပေးသော ရေခွက်ကို ယူလိုက်ရင်း သောက်ကာ နွေးထွေးစွာ ပြုံးရင်း ပြောလိုက်သည်
“ ကျေးဇူးနော်”

အဲလ်ဗစ်က ဂူမန်မန်၏ခေါင်းလေးကို ပုတ်ကာ ပြောလိုက်သည်
“ မင်းက ကိုယ့်ကို ကျေးဇူးတင်နေတာလား”

အင်း ဟုတ်သားပဲ

အဲလ်ဗစ်က သူမအတွက် အများကြီးလုပ်ပေးထားတာ။ သူလုပ်ပေးထားတာတွေအတွက် အပေါ်ယံကျေးဇူးတင်စကားလေးနဲ့ပဲဆိုရင် လုံလောက်ပါ့မလား

အဲလ်ဗစ်ရဲ့ လည်ပင်းကို သိုင်းဖက်ရင်း နမ်းလိုက်သည်။ ထို့နောက်မှသူ့ရင်ခွင်ထဲမှာ ခွေခွေလေး ပြန်ပြီးနေနေသည်။

ဂူမန်မန် သိပ်ပြီးလုပ်လေ့မရှိသော အပြုအမူကြောင့် အဲလ်ဗစ် ပျော်သွားသည်။

သူ့ရဲ့ ရှောင်မန်က ပိုပြီးအဆင်ပြေလာပြီဖြစ်သည်။ အရင်တုန်းကလိုမျိုး ထပ်တူတော့ ပြန်မဖြစ်သေးသော်လည်း သူနဲ့ လီရာရှေ့မှာဆိုလျှင် အရင်ကလို ထပ်တူနီးပါးဖြစ်လာခဲ့ပြီဖြစ်သည်။

ဒီလောက်ဆို လုံလောက်ပါပြီ

သူမသာ ပျော်ရွှင်နေမယ်ဆိုရင် သူမက ကမ္ဘာကြီးကို ကယ်တင်ချင်သည်ဖြစ်စေ ဖျက်ဆီးချင်သည်ဖြစ်စေ သူကတော့ ဂရုစိုက်မှာမဟုတ်ပေ။

“ ကျမ ဘယ်လောက်တောင် အိပ်ပျော်သွားတာလဲ” ဂူမန်မန်က မေးလိုက်သည်။

အဲလ်ဗစ်က ပြန်ဖြေလိုက်သည်
“ နှစ်ရက်နဲ့တစ်ည”

“ဝါဘယ်ရော…သူ အပြင်မှာရှိနေသေးလား”

အဲလ်ဗစ်က ခေါင်းညိတ်ကာ ပြောလိုက်သည်
“ အင်း……သူ လှုပ်ကိုမလှုပ်ဘူး”

အလှလေး ရှောင်မန် Book 5 (645- 994)Opowieści tętniące życiem. Odkryj je teraz