အခန်း (909 & 910)

458 77 0
                                    

အခန်း (၉၀၉) : ကျမ ထပ်ပြီး ဟန်မဆောင်နိုင်တော့ဘူး

ဂူမန်မန်က လီရာကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည်။ သူ့ကြည့်ရတာ ထူးဆန်းနေပေမဲ့လည်း ဘာကြောင့်ဆိုတာကိုတော့ မပြောနိုင်ပေ။ သူ့ရဲ့တွယ်ကပ်သော မျက်နှာထားကို သိလိုက်ရတာကြောင့် ဂူမန်မန်က ပြုံးလိုက်သည်။

သူမလည်း ကိုးလ်ရဲ့ နည်းလမ်းတွေကြောင့် အရာအားလုံးကို သံသယဝင်နေမိသည်။

သူမရဲ့ စိတ်ထဲက သံသယတွေကို ရှင်းထုတ်ကာ မေးလိုက်သည်

“ ရှင် ကိုးလ်နဲ့ တွေ့ခဲ့လား”

လီရာ ခေါင်းညိတ်ပြတာကြောင့် ဂူမန်မန်က ထပ်မေးလိုက်သည်

“ သူ ဘာပြောလဲ”

လီရာက ပြန်ဖြေပေးလိုက်သည်

“ သူက သဘောတူတယ်လို့ပြောတယ်။ ကိုယ်က သူ့ကို တစ်ခုခုပေးရင် သူက စန္ဒီအပေါ်မှာလုပ်ထားတဲ့ ပြုစားတာကို ပယ်ဖျက်ပေးမယ်လို့ပြောတယ် ပြီးတော့ သူမကို နောက်ထပ်လည်း ဒုက္ခရောက်အောင် မလုပ်တော့ဘူးတဲ့”

“ ဟင်” ဂူမန်မန် မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်မိသည်။ သူမက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်

“ သူက ရှင့်ဆီက ဘာလိုချင်တာတဲ့လဲ”

လီရာက  ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ အချိန်တစ်ခုထိတော့ ကိုယ်မင်းကို မပြောပြနိုင်သေးဘူး။ အချိန်ကျရင် သိလာပါလိမ့်မယ်”

ဂူမန်မန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်

“ ရှင် ကျမကို ကတိပေးထားတာကို မှတ်မိသေးတယ်မလား”

လီရာက ခေါင်းညိတ်ပြကာ ဂူမန်မန်၏လက်လေးကို အနမ်းခြွေပြီး ပြောလိုက်သည်

“ စိတ်မပူပါနဲ့ ကိုယ်လုပ်ရမှာ ကိုယ်သိပါတယ်။ အဲလ်ဗစ်နဲ့ကိုယ်က မင်း စိတ်မကောင်းဖြစ်မဲ့ အရာတွေကို မလုပ်ပါဘူး”

ဂူမန်မန် ဘာမှထပ်ပြောမနေပဲ ခေါင်းသာညိတ်ပြလိုက်သည်။

ကျောက်ရဲတိုက်မရောက်ခင် သားသုံးယောက်က ဘာကီကို သွားရှာချင်ပါသည်ဟု ပူဆာသောကြောင့် သူမ ခွင့်ပြုလိုက်သည်။

အလှလေး ရှောင်မန် Book 5 (645- 994)Nơi câu chuyện tồn tại. Hãy khám phá bây giờ