အခန်း (877 & 878)

505 70 0
                                    

အခန်း (၈၇၇) : ဆောင်းရာသီ အဆုံးသတ်

ကျောက်ရဲတိုက်ကို ပြန်ရောက်တော့လည်း ဂူမန်မန်က စိတ်ဓာတ်ကျနေဆဲပင် ဖြစ်သည်။

ကိုးလ်ရယ် ချီရွှမ်ရယ်နဲ့ ပတ်သက်ပြီး ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို အဲလ်ဗစ်က ပြောပြလိုက်သည်။ အမှန်တော့လည်း ကလေးတွေ အရွယ်ရောက်လာလျှင် မမှီခိုပဲ နေသင့်သည်။ ဂူမန်မန်ကြောင့်သာ မဟုတ်လျှင် ကျန်တဲ့သားသုံးယောက်လည်း သူတို့ခြေထောက်ပေါ် သူတို့ရပ်တည်ရမည် ဖြစ်သည်။

သူတို့ အသွင်ပြောင်းလို့ရတဲ့နေ့ကတည်းက မိသားစုနဲ့ အဆက်မသွယ်တွေ မရှိပဲ နေသင့်သည်။

သို့သော် မိသားစုနဲ့ပတ်သက်ပြီး ဂူမန်မန်ယူဆသော အယူအဆကြောင့် လီရာနဲ့ အဲလ်ဗစ်က ခြွင်းချက် လုပ်ပေးထားရခြင်းသာ ဖြစ်သည်။ သားသုံးယောက်က အပြည့်အဝ အသွင်မပြောင်းရသေးဘူးဆိုသော အကြောင်းပြချက်ဖြင့် သူတို့ဘေးမှာ နေခွင့်ပြုထားသည်။

ဂူမန်မန်၏ စိတ်ပျက်လက်ပျက်ပုံကိုကြည့်ပြီး လီရာရဲ့နှလုံးသားလည်း နာကျင်လာရသည်။

လီရာက အမြီးကို ယမ်းကာ ဂူမန်မန်အနားသို့ သွားလိုက်သည်။ သူက သူမကို ပုခုံးကနေ ညင်သာစွာကိုင်ရင်း ခေါင်းလေးကို သူ့ရင်ဘတ်ပေါ်သို့ မှီစေသည်။

“ ကလေးတွေက အရွယ်ရောက်ပြီးတာနဲ့ သူတို့ရဲ့ကိုယ်ပိုင်ဘဝကို လိုချင်ကြတာချည်းပဲ။ မင်းရဲ့ဘေးမှာနေဖို့အတွက် သူ့ကို ဖိအားပေးလို့မရဘူးလေ ဟုတ်တယ်မလား” လီရာက ဂူမန်မန်၏ ခေါင်းလေးကိုနမ်းရင်း ပြောလိုက်သည်

“ ဘယ်လိုပဲဖြစ်ဖြစ် မင်းမှာ ကိုယ်နဲ့ အဲလ်ဗစ်ရှိသေးတာပဲ မဟုတ်ဘူးလား။ ကိုယ်တို့နှစ်ယောက်က မင်းကို ဘယ်တော့မှ မထားသွားပါဘူး”

ကလေးတွေက အရွယ်ရောက်ပြီးတာနဲ့ ထွက်သွားချင်ကြတာ……

ဂူမန်မန်က ပြောတာကို နားလည်သွားသော်လည်း စိတ်မကောင်းဖြစ်နေဆဲပင် ဖြစ်သည်။

ကံကောင်းစွာနဲ့ပဲ ချီရွှမ်က ဂူမန်မန်ဆီသို့ လာချင်လျှင် လျှို့ဝှက်လမ်းကို ဖြတ်ပြီးလာလို့ရသည်။ အဲ့လိုသာဆိုလျှင် သူမလည်း ခံစားချက်ပိုပြီး ကောင်းမွန်လာမည်ဖြစ်သည်။

အလှလေး ရှောင်မန် Book 5 (645- 994)Opowieści tętniące życiem. Odkryj je teraz