အခန်း (961 & 962)

412 66 0
                                    

အခန်း (၉၆၁) : မင်း ငါ့ကိုနိုင်အောင်တိုက်နိုင်ရင် ပြောပြမယ်

လီရာက သူတို့နှစ်ယောက် ဖြစ်နေတာကို ဂရုမစိုက်ပဲ မေးစရာရှိတာကိုသာ မေးလိုက်သည်

“ အရင်တစ်ခေါက်က သမုဒ္ဒရာဆီကို သွားတော့ အဲ့ဒီမှာ ဒိုရာလို့ခေါ်တဲ့ ရေသူအမျိုးသမီး တစ်ယောက်ရှိတယ်လို့ ကြားခဲ့တယ်”

လီရာက ဒိုရာကို သေချာစိုက်ကြည့်ရင်း ပြောလိုက်သည်။ သူက မေးခွန်း မမေးရသေးသော်လည်း စစ်ဆေး မေးမြန်းနေတယ်ဆိုတာ အသိသာကြီးပင် ဖြစ်သည်။

ဒိုရာလည်း ဖုံးကွယ်ဖို့ ကြိုးစားမနေပဲ ဖြေလိုက်သည်

“ လီရာပြောတဲ့ ဒိုရာဆိုတာ ကျမ ဖြစ်မယ်ထင်တယ်”

“ အို့…ဒါမှမဟုတ် မဖြစ်နိုင်ဘူးလား။ ငါ ကြားထားတာကတော့ ဒိုရာက ငါးကြီးမျိုးနွယ်စုရဲ့ ရတနာကို ခိုးပြီးတော့ ကိုယ့်မျိုးနွယ်စုရဲ့ ရေသူမင်းသမီးကို ချောက်ချခဲ့တယ်တဲ့။ ပြီးတော့ သူမကို အကျဉ်းချပြီးတော့ ကျွန်အဖြစ်ထားတယ်ဆိုပြီးတော့လည်း ကြားထားသေးတယ်…..” လီရာပြောသော စကားလုံးတိုင်းက လီယိုနာ့ဒ်အတွက်တော့ ဆူးငြောင့်ခလုတ်ပင် ဖြစ်သည်။ လီရာက ခပ်ဖွဖွရယ်ရင်း လီယိုနာ့ဒ်၏ ဒေါသထွက်ပြီးနီရဲနေသော မျက်နှာကို စိုက်ကြည့်နေသည်။

လီရာရဲ့စိတ်ထဲမှာတော့ ‘မင်း ဘယ်လောက် သည်းခံနိုင်မလဲ ကြည့်ရအောင်’ ဆိုသောပုံစံမျိုးဖြင့် ကြည့်နေခြင်းမျိုးပင် ဖြစ်သည်။

“ အင်း ဟုတ်တယ် ကျမက ကျွန်အဖြစ် ရောင်းစားခံလိုက်ရတာ” ဒိုရာက လီယိုနာ့ဒ်၏ လက်မောင်းကို ကိုင်ထားရင်း ဆက်ပြောလိုက်သည်

“ လီရာနာ့ဒ်က ကျမကို ဝယ်ပြီးတော့ ဒီကို ခေါ်လာပေးခဲ့တာ”

“ အိုး…..ဒါဆို တကယ်ပဲ မင်းကို။ အင်း….. ‘အဆင့်နိမ့်တယ်’ဆိုတဲ့ စကားက မင်းကို ဖော်ပြနေတာဟုတ်တာပဲ” လီရာက ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။

“ မင်း…..” လီယိုနာ့ဒ်က အတော်ဒေါသထွက်နေပြီ ဖြစ်သည်။

သို့သော် လီရာက ဂရုမစိုက်ပဲ ဆက်ပြောသည်

အလှလေး ရှောင်မန် Book 5 (645- 994)Hikayelerin yaşadığı yer. Şimdi keşfedin