အခန်း (697)

703 81 0
                                    

အခန်း (၆၉၇) : ကျုပ် ခင်ဗျားကို အခွင့်အရေး  ပေးပြီးပြီနော်

လီရာက ခြေထောက်နဲ့ ကိုးလ်ရဲ့ခါးကို ကန်လိုက်ပြီး ကိုးလ်ရဲ့လက်တွေကိုလည်း ထိန်းချုပ်ထားသလို ကိုးလ်ရဲ့လည်ပင်းကိုလည်း အမြီးဖြင့်ပတ်ထားသေးသည်။

ကိုးလ်က လီရာရဲ့ နှာခေါင်းကို ခေါင်းဖြင့် ရိုက်ချလိုက်သည်။

သွေးတွေ ပန်းထွက်လာသည့်အတွက် သူ့အခြေအနေက မတည်မငြိမ်ဖြစ်သွားသည်။ သူ့အမြီးနဲ့တော့ မြဲမြံစွာ ရစ်ပတ်ဆဲထားဆဲပင်  ဖြစ်သည်။

ကိုးလ်က မျက်မှောင်ကြုတ်ကာ အိပ်ပျော်နေဆဲဖြစ်သော ဂူမန်မန်ကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်ရင်း လီရာကို ဖယ်ထုတ်ဖို့အတွက် သားရဲအရှိန်အဝါကို ထုတ်လိုက်သည်။

လီရာက မခံနိုင်သည့်အတွက် မြေပြင်ပေါ်လဲကျသွားပြီး ခေါင်းပင် မထောင်နိုင်တော့ပေ။ ပါးစပ်ကနေ သွေးတွေ ပန်းထွက်နေသော်လည်း အပြုံးကိုတော့ ထိန်းထားဆဲ ဖြစ်သည်။

လီရာရဲ့ရင်ဘတ် ကြွတက်ကာ သူ့ရဲ့ မျက်ခွံတွေက ဖြည်းဖြည်းချင်း လေးလံလာသည်။

“ မင်း ဘာလုပ်ခဲ့တာလဲ” ကိုးလ်က လီရာ၏  လည်ပင်းကို ဆုပ်ကိုင်ရင်း မေးလိုက်သည်။

လီရာ အတွင်းပိုင်းဒဏ်ရာ ပြင်းထန်စွာ ရနေပြီး ချောင်းဆိုးတိုင်း သွေးတွေပါ ပါလာသည်။ သူ အရမ်းအားနည်းနေသော်လည်း ပြုံးရင်းပဲ ပြောလိုက်သည်
“ ချီရွှမ်အတွက် အဆိပ်ဖြေဆေးကိုပြော…..ဒါဆိုရင် မင်းရဲ့ အဆိပ်ကို ဘယ်လို  ဖြေရမလဲဆိုတာကို ပြောပြမယ်”

ကိုးလ်က ခေါင်းမော့ကာ အေးစက်စွာရယ်လိုက်သည်။ သူ့ရဲ့အရိပ်ကို ကြည့်လိုက်ပါက အရမ်းကို ကြောက်စရာကောင်းသည်။
“ အာဂူရဲ့ဘေးက မင်းနေရာကိုသာ ငါဝင်လို့ ရမယ်ဆိုရင်……ဘယ်အဆိပ်ကို ငါက ကြောက်နေရဦးမှာလဲ” ကိုးလ်က လီရာကို သူ့နားဆွဲလိုက်ပြီး အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။

“ သားရဲနတ်ဘုရားရဲ့မျက်ရည်က အဆိပ်တွေ အကုန်လုံးအတွက် ဖြေဆေးပဲဆိုတာကို မင်းမသိဘူးလား။ ငါက သူမနဲ့ တစ်ခါလောက်ပဲ မိတ်ဖက်ဖို့လိုတာ။ ဒါဆိုရင် ဘယ်အဆိပ်နဲ့မှ သေစရာအကြောင်းမရှိတော့ဘူးလေ”

အလှလေး ရှောင်မန် Book 5 (645- 994)Where stories live. Discover now