အခန်း (833 & 834)

591 84 2
                                    

အခန်း (၈၃၃) : မင်းက ကိုယ့်ရဲ့ကမ္ဘာပဲလေ ကိုယ်က ဘယ်ကိုများ သွားရဦးမှာလဲ

သူမ ဒီနေ့ စိတ်တိုတာကို ထုတ်ပြခဲ့တယ်ဆိုတာကို သူမကိုယ်တိုင်လည်းသိသည်။

အမှန်တော့ သူမရဲ့ စဉ်းစားနည်းကို ပြောပြဖို့အတွက် ပိုပြီးသိမ်မွေ့တဲ့နည်းလမ်းကို သုံးခဲ့သင့်သည်။ သို့သော် အခုထိတော့ သူမရဲ့ဒေါသကို မထိန်းချုပ်နိုင်ပေ။

နယ်တလီနဲ့ ပီတာတို့ကြားမှ လျှို့ဝှက်ချက်တွေ အများကြီးရှိနေလို့ သူမကို စိတ်မသက်မသာဖြစ်အောင်လုပ်ပြီး ကြောက်ရွံ့နေမိတာ ဖြစ်လိမ့်မည်။

အဲလ်ဗစ်နဲ့ လီရာသာ အဲ့လိုမျိုး ခဏခဏ လျှို့ဝှက်နေပါက တစ်နေ့ကျရင် ပြဿနာအကြီးကြီးတစ်ခုဖြစ်ပြီး သူတို့ကြားက ယုံကြည်မှုတွေ ပျက်စီးသွားနိုင်သည်။

ရှင်မပြောရင် ကျမ သိမှမဟုတ်ဘူးလေ…….အဲ့လိုနဲ့ပဲ အလှမ်းဝေးမှု ပထမအဆင့်ကို ရောက်လာတာပေါ့

ဒါပေမဲ့လည်း အခုဆိုရင် အဲလ်ဗစ်နဲ့ လီရာက ဘာမှမဖုံးကွယ်တော့ဘူးဟု ပြောနေသောကြောင့် သူမလည်း အကြောင်းမဲ့ ပြဿနာမရှာချင်တော့ပေ။

ထို့အပြင် သူမက နှစ်တစ်ထောင်လောက် အသက်ရှိနေပြီဖြစ်ပြီး ရင့်ကျက်သင့်နေပြီ ဖြစ်သည်။ ခေါင်းမာတာလည်း အတိုင်းအတာရှိသည်။

ဂူမန်မန်က လက်ချောင်းလေးတွေကို ကစားရင်း ခေါင်းငုံ့ကာ ပြောလိုက်သည်

“ ကျမ ဒီနေ့ စိတ်ဆတ်နေတယ်။ ကျမ ဆိုးဝါးတဲ့စကားတွေပြောခဲ့မိလို့….တောင်းပန်ပါတယ်နော်”

အဲလ်ဗစ်နဲ့ လီရာက ဂူမန်မန်၏ ပါးတစ်ဖက်တစ်ချက်စီကို နမ်းလိုက်ကြသည်။ အဲလ်ဗစ်က ဘာမှမပြောသော်လည်း လီရာက သူမရဲ့မျက်နှာလေးကို ပင့်တင်ကာ ပြောလိုက်သည်

“ မင်း တောင်းပန်တာထက် ချစ်တယ်လို့ပြောတာကိုပဲ ကိုယ်တို့ကြားချင်တယ်ဆိုတာကို မင်းလည်း သိပါတယ်”

ဂူမန်မန်က ချိုသာစွာပြုံးရင်း နူးညံ့စွာပြောလိုက်သည်

“ လမ်းခွဲတဲ့စကားကို ကျမနောက်ကို ဘယ်တော့မှ မပြောတော့ဘူး။ ရှင်တို့နှစ်ယောက်လုံးက ကျမအတွက် အရေးကြီးတယ်။ နေ့လည်တုန်းက တစ်ယောက်ထဲအိပ်ရတော့ အထီးကျန်နေခဲ့တာ……..ရှင်တို့နှစ်ယောက်သာ တကယ်ထွက်သွားရင် ကျမ မျက်လုံးတွေထွက်ကျလာတဲ့အထိ ငိုမိမယ်ထင်တယ်”

အလှလေး ရှောင်မန် Book 5 (645- 994)Nơi câu chuyện tồn tại. Hãy khám phá bây giờ