အခန်း (701 & 702)

750 89 1
                                    

အခန်း (၇၀၁) : မင်းကို သဝန်တိုရတာက ကိုယ့်အတွက် ကောင်းချီးပေးမှုတစ်ခုပဲ

ဂူမန်မန်လည်း ဘယ်လိုပြန်ပြောရမယ်မှန်း မသိတော့၍ ငြိမ်ငြိမ်လေး နားထောင်နေသည်။

လီရာက သူမရဲ့ခေါင်းလေးကို ထိန်းကိုင်ထားကာ နှုတ်ခမ်းတွေကို အပိုင်သိမ်းလိုက်၏။

ချစ်မြတ်နိုးမှုအပြည့်ပါဝင်သော မျက်လုံးဖြင့် ဂူမန်မန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ ဒါပေမဲ့ မင်းကို သဝန်တိုရတာက ကိုယ့်အတွက် ကောင်းချီးပေးမှု တစ်ခုပါပဲ”

ဒုတ်….ဒုတ်……

ဂူမန်မန်ရင်ခုန်နှုန်းတွေပါ မြန်လာသည်။ သူတို့ အတူနေလာတာ တစ်နှစ်တောင် ပြည့်ခါနီးဖြစ်နေသော်လည်း လီရာရဲ့ စကားတွေက သူမကို ရင်ခုန်နှုန်းမြန်အောင် လုပ်နိုင်ဆဲပင်ဖြစ်သည်။

လီရာက ဂူမန်မန်၏ နှုတ်ခမ်းလေးကို နမ်းကာ သူမကို သူ့ရင်ဘတ်ပေါ်မှီစေပြီး ပြောလိုက်သည်
“ အဲ့တာကြောင့် ကိုယ် အဲလ်ဗစ်ကို မနာလိုဖြစ်တော့မှ ကိုယ်များ ဆေးခတ်ခံရပြီလားဆိုတာကို သတိထားမိသွားတာ။ အဲ့တာလည်းပြီးရော ဘာကီက ကိုယ့်ရှေ့ကို ပေါ်လာတိုင်း ကိုယ် သဝန်တိုလွန်းအားကြီးလို့ စိတ်တွေပါ ထိန်းချုပ်မရဖြစ်ကုန်တာ။ အဲ့တာကြောင့်ပဲ ကိုးလ်က ပိုးကောင် အဆိပ်ရည်ကို သုံးလိုက်တာပဲဆိုပြီး ပိုသေချာသွားတာ”

“ ရှင် ကျမကို ဘာလို့ မပြောပြခဲ့တာလဲ” ဂူမန်မန် ရင်နာစွာဖြင့် မေးလိုက်သည်။

လူတစ်ယောက်က ဖျားနာနေရင် မိသားစုရဲ့ကူညီပံ့ပိုးမှုကို အလိုချင်ဆုံးပဲလေ။ ဒါပေမဲ့ သူဖျားနာနေတဲ့အချိန်မှာ သူမက ကိုးလ်ရဲ့ထောင်ချောက်ထဲကို ငတုံးတစ်ယောက်လိုမျိုး ရောက်သွားရသည်။ ပြီးတော့….ကိုးလ်ကို ဖမ်းနိုင်ဖို့အတွက်သာ စဉ်းစားနေခဲ့သည်။

လီရာက ဂူမန်မန်၏ခေါင်းပေါ်သို့ မေးတင်ကာ ခပ်ဖွဖွရယ်ရင်း ပြောလိုက်သည်
“ အရူးမလေး….မင်းကို ဒီအကြောင်းပြောပြပြီး ကိုးလ်ကြောင်းနဲ့ စိုးရိမ်အောင် လုပ်မယ်လို့များ ထင်နေတာလား။ ကိုယ်က အရူးမှမဟုတ်တာ။ မင်းရဲ့အတွေးတွေထဲကို တစ်ခြား အမျိုးသားတစ်ယောက်ကို ဘာလို့ ဝင်ခွင့်ပြုရမှာလဲ”

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora