အခန်း (935 & 936)

473 76 2
                                    

အခန်း (၉၃၅) : အင်အားသုံးပြီး အနိုင်ယူတာက ငါ့ရဲ့နည်းလမ်းပဲလေ

“ ဟား…..ဟား….” တစ်ချက်လေးမှ အသံမထွက်ခဲ့သော အဲလ်ဗစ်က ရုတ်တရက် ရယ်လိုက်သည်။ အဲ့တာက အသံလေးတစ်သံသာ ဖြစ်သော်လည်း ကြားရသူအဖို့တော့ အရိုးထဲထိ ကြောက်ရွံ့မိသွားသည်။ သူတို့ အားလုံးက အဲလ်ဗစ်ကို စိုက်ကြည့်ပြီး သူဆက်ပြောတာကို စောင့်နေသည်။

နဇိုင်းရယ်၏ ခေါင်းဆောင်နှင့် သူ့ဘေးက နတ်ဆေးဆရာတို့က သူတို့ တတိယအဆင့်သားရဲ  ဖြစ်ခဲ့စဉ်က တစ်ခြားမျိုးနွယ်စုကို သွားရောက်တိုက်ခိုက်မှုတွေ ရှိခဲ့သည်။ သူတို့နှစ်ယောက်ရဲ့ ပြီးပြည့်စုံသော ပေါင်းစပ်တိုက်ခိုက်မှုကြောင့် အတော်များများ ဒဏ်ရာရခဲ့ကြသည်။

တမန်တော် ရောက်ရှိလာချိန်မှ သူတို့နှစ်ယောက်လည်း ငြိမ်ကျသွားပြီး ဘယ်သူ့ကိုမှ သွေးထွက်သံယိုဖြစ်အောင် ရန်ရှာခြင်းမျိုး မလုပ်တော့ခြင်းပင် ဖြစ်သည်။ သို့သော် သူတို့ရဲ့ ‘အတိတ်က အောင်မြင်မှု’က အခုထိ ထင်ဟပ်နေဆဲပင် ဖြစ်သည်။ သူတို့က အခု စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့်သို့ ရောက်နေပြီ ဖြစ်တာကြောင့်…ဘယ်သူမှ သူတို့ကို အလွယ်တကူ ရန်မရှာရဲတော့ပေ။

အဲလ်ဗစ်က သွေးပူလေ့ကျင့်ခန်း လုပ်သည့်အနေဖြင့် လည်ပင်းကို ချိုးလိုက်သည်။ သူ့ကို သိသောသူက အဲ့တာ ဘာကိုကိုယ်စားပြုမှန်း သေချာသိသည်။

ထို့ကြောင့် ဘယ်သူမှ အသက်ဖြောင့်ဖြောင့်မရှူရဲကြပေ။

“ နဇိုင်းရယ်ရဲ့ ပိုင်နက်ကို ချဲ့ထွင်ချင်တယ်ဆိုရင်တော့ ငါတို့က ရှောင်မန်ကို နောက်ထပ် ပါတနာရတဲ့အထိ စောင့်စရာလည်းမလိုဘူး” အဲလ်ဗစ်က ရှေ့သို့တိုးကာ ထပ်ပြောလိုက်သည်

“ အလိုရှိတဲ့အရာတွေကို အင်အားသုံးပြီးယူတာက ငါ့နည်းလမ်းပဲ”

လီရာက ချိုမြိန်သော အပြုံးတစ်ခုကို ချိတ်ဆွဲထားလိုက်သည်။ ထိုအပြုံးက သူ့ကို သိပြီးသားသူတွေအတွက်တော့ အရမ်းကို ရင်းနှီးပေလိမ့်မည်။

ဂူမန်မန်နဲ့ မတွေ့ခင်တုန်းက သူ အဲ့လိုမျိုး ဘယ်နှစ်ခါတောင်ပြုံးခဲ့တာလဲ

အလှလေး ရှောင်မန် Book 5 (645- 994)Where stories live. Discover now