အခန်း (789 & 790)

633 100 0
                                    

အခန်း (၇၈၉) : မင်းက ဘယ်လောက်ပဲ အင်အားကြီးကြီး ကိုယ့်ရဲ့အားနည်းချက်လေး ဖြစ်နေဦးမှာပဲ

“ အမှန်ဆို ရှင်က ဟိုးအရင်ကတည်းက အဆင့်တက်သင့်တာလေ ဟုတ်တယ်မလား” ဂူမန်မန်က လီရာ၏ရင်ဘတ်ပေါ်သို့ မှီကာ နှလုံးခုန်သံကိုနားထောင်ရင်း မေးလိုက်သည်။

ထိုအရာ မေးမြန်းခြင်းမဟုတ်ပဲ စကားတစ်ခွန်းသာ ဖြစ်သည်။

လီရာလည်း မငြင်းပဲ ခပ်ဖွဖွသာ ရယ်လိုက်သည်။

ဂူမန်မန်က ဆက်ပြောလိုက်သည်

“ ကျမ စိတ်ထဲမှာတော့ ဒီကိစ္စကို ခဏခဏ ပြန်တွေးနေမိတာ။ လေလွင့်သားရဲတွေနဲ့ ပထမဆုံးတိုက်ခိုက်ခဲ့ကြတုန်းက ရှင်က နှစ်ဖက်လုံးကနေ တိုက်ခိုက်ခံနေရတာလေ။ ပြီးတော့ ပြိုင်ဘက်တွေကလည်း တတိယအဆင့်သားရဲတွေပဲလေ။ ရှင့်ရဲ့အရည်အချင်းတွေနဲ့ဆိုရင် သေချာပေါက် တတိယအဆင့်ကနေ တက်အောင်လုပ်နိုင်ရဲ့သားနဲ့ ဒဏ်ရာပဲရခဲ့တယ်လေ……အဲ့ဒါကို ကျမရဲ့စိတ်ထဲမှာ အတော်လေး ထူးဆန်းနေခဲ့တာ။ မနေ့ညကတော့ ရှင့်ကို လေလွင့်သားရဲတွေက ဝိုင်းပြီးတိုက်ခိုက်နေတာကိုကြည့်လိုက်မှ ရှင့်ရဲ့စိတ်ကို ကျမနားလည်သွားခဲ့တာ”

လီရာက ချစ်မြတ်နိုးစွာကြည့်ရင်း ပြုံးလိုက်မိသည်။ တစ်ခြားသူတွေ သူ့ကို ထိုးဖောက်မြင်နေနိုင်တာကို သူလုံးဝ မကြိုက်ခဲ့ပေ။ အဲ့လိုဖြစ်ခဲ့လျှင်လည်း သူ့ရဲ့ခံစားချက်တွေကို ပိုပြီးဖုံးကွယ်နေကြပင်ဖြစ်သည်။

ဂူမန်မန်က သူ့ကိုထိုးဖောက်မြင်ပြီး သိနေတဲ့အချိန်မှာတော့ သူပျော်နေခဲ့သည်။

ကိုယ်အားထုတ်ထားတာကို ကိုယ်ချစ်ရတဲ့သူက အသိအမှတ်ပြုပေးသော ခံစားချက်က ဘာနဲ့မှ မလဲနိုင်ပေ။

“ အင်း….ကိုယ့်ကို ပြောပါဦး” လီရာက ဂူမန်မန် ဘယ်လို တွေးမိသွားလဲဆိုတာကိုပါ သိချင်သည့်အတွက် မေးလိုက်သည်။ သူမ ပြောသောစကားလုံးတွေ အတွေးတွေ တစ်ခုချင်းစီကိုပါ သူက တန်ဖိုးထားသည်။ သူတို့နှစ်ယောက်အကြောင်းကို ပြောနေစဉ် သူမ၏ မျက်နှာပေါ်မှ တောက်ပသောအကြည့်ကိုလည်း မြတ်နိုးသည်။

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora