အခန်း (693 & 694)

691 79 0
                                    

အခန်း (၆၉၃) : မင်း ဝမ်းနည်းစေမဲ့ အရာတစ်ခုကို ကိုယ်လုပ်မှဖြစ်တော့မယ်

နေဝင်သွားသော်လည်း လီရာကတော့ ပြန်မလာသေးပေ။ အီရန်လည်း ပြန်မလာသေးပေ။ ဒီအချိန်ဆိုရင် ကြုံတွေ့သမျှ ပြန်ပြောနေသော ဘာကီနဲ့သားသုံးယောက်လည်း ပြန်မရောက်သေးပေ…….

ထိုပျောက်နေသော သူတွေကြောင့် ခရီးက  ထပ်ပြီး ကြန့်ကြာသွားသည်။

တစ်ခုခု မူမမှန်တော့တာကို ဂူမန်မန် ခံစားမိသွားတာကြောင့် သူမ စိတ်ပူသွားရသည်။

“ ယောက်ျားရေ….ကျမတို့ လိုက်သွားသင့်တယ်နော်” ဂူမန်မန်က အဲလ်ဗစ်ကို ပြောလိုက်သည်။

အဲလ်ဗစ်က ခေါင်းညိတ်ကာ ဂူမန်မန်ကို ချီလိုက်သည်။

သူက အီရန်ဘာဖြစ်နေလဲဆိုတာလည်း မသိပေ။ ဘာကီနဲ့ ကလေးသုံးယောက် ပြန်မလာလဲ ဂရုမစိုက်ပေ။ သို့သော် လီရာပြန်မလာတာက ပြဿနာ တစ်ခု ဖြစ်နေသည်။

လီရာရဲ့ တွန့်တိုတတ်တဲ့ အကျင့်နဲ့ဆိုရင် ဂူမန်မန်ရဲ့ ‘ဒါပေမဲ့’ဆိုသော စကားလေးကို ကြားရုံနဲ့တော့ တစ်နေ့လည်ခင်းလုံး ပျောက်မနေသင့်ပေ။

လီရာက သေသွားတဲ့ကိစ္စနဲ့ ပြန်ပေးဆွဲခံရတာကလွဲပြီး ဂူမန်မန်ကို ထားခဲ့မည်မဟုတ်ပေ။

ဘယ်လိုရလဒ်မျိုးမဆို ဂူမန်မန်ကတော့ စိတ်မကောင်းဖြစ်လိမ့်မည်။

အဲ့တာကြောင့်လည်း အဲလ်ဗစ် စိုးရိမ်နေခြင်းပင်ဖြစ်သည်။

အဲလ်ဗစ်က သားရဲအသွင်ပြောင်းကာ ဂူမန်မန်ကို သူ့ကျောပေါ်တင်ကာ ထွက်သွားသည်။

အဲလ်ဗစ် သားရဲအသွင်ပြောင်းထားပါက သူ့ရဲ့အနံ့နဲ့ အကြားအာရုံက အရမ်းကောင်းမှန်း ဂူမန်မန်သိတာကြောင့် သူ့ကျောပေါ်မှာ မြဲမြဲစွာကိုင်ထားရင်းသာ တိတ်တိတ်လေး လိုက်ပါလာခဲ့သည်။

လေတွေက သူမရဲ့ နားရွက်ကို ဖြတ်တိုက်သွားကြသည်။ ရာသီဥတုက နွေးထွေးသော်လည်း ဂူမန်မန်ကတော့ အေးစိမ့်စိမ့်ခံစားနေရသည်။

သူမရဲ့ လက်တွေက် ဖြူဖပ်ဖြူရော်ဖြစ်လာပြီး အေးစက်လာရသည်။

အလှလေး ရှောင်မန် Book 5 (645- 994)Opowieści tętniące życiem. Odkryj je teraz