အခန်း (967 & 968)

472 71 1
                                    


အခန်း (၉၆၇) : မင်းရဲ့နှလုံးသားပေါ်က နေရာကို သူ့ကို ပေးမလို့လား

လီယိုနာ့ဒ်က ဒိုရာကို ပြန်လွှတ်ပေးပြီးနောက် မျိုးနွယ်စုကိစ္စတွေကို နတ်ဆေးဆရာ နစ်ခ်ကို အပ်ခဲ့သည်။ ထို့နောက် ဂူမန်မန်ကို အရိုအသေပေးကာ ပြောလိုက်သည်

" ရပြီ ကျတော်အကုန်လုံး အခု သွားလို့ရပြီ"

ဂူမန်မန်က ဘာမှမပြောပဲ ခေါင်းသာညိတ်ပြလိုက်သည်။ လီယိုနာ့ဒ်ကို ရှေ့ကနေ ဦးဆောင်ခိုင်းပြီး သူမတို့က နောက်ကနေ လိုက်သည်။

သူမ စိတ်ထင်နေတာလားဆိုတာကိုတော့ မသိပေမဲ့ လီယိုနာ့ဒ်က သူတို့ကို ခေါ်သွားတာက ဇာချာရီးရက်စ်ကိုပဲ ပြန်ပြီးပတ်နေသလိုပင် သို့သော် အပတ်တိုင်းက နည်းနည်းစီတော့ ကွာခြားသွားသည်။

သူမရဲ့ အထီးကျန်နေတဲ့ အဖိုးကြီး သတ်မှတ်ထားတဲ့ ဝင်္ကပါများလား

ဂူမန်မန်က သံသယတွေကို ရင်ထဲမှာသာ သိမ်းဆည်းထားလိုက်သည်။

အဲ့ဒီလမ်းအတိုင်း တစ်နေ့လုံးနီးပါး လမ်းလျှောက်လာကြပြီး ကောင်းကင်မှာ ကြယ်တွေ ထွက်ပေါ်လာချိန်မှာတော့ လီယိုနာ့ဒ်က ပြောလိုက်သည်

" ဒီမှာရောက်ပြီ။ ဒါပေမဲ့ ဝင်ပေါက်ကို မြင်နိုင်ဖို့အတွက်တော့ မနက်အထိ စောင့်ဖို့လိုတယ်"

ဂူမန်မန်က ခေါင်းညိတ်ပြလိုက်သည်။

လီယိုနာ့ဒ်က ပြောလိုက်သည်

" ဒီနေရာရဲ့ တည်နေရာက အတော်လေး ရှုပ်ထွေးတာမလို့ မလိုအပ်ပဲနဲ့ မလှုပ်ရှားပါနဲ့။ ကျတော်က အမဲလိုက်သွားပါ့မယ်"

လီယိုနာ့ဒ်က ဂူမန်မန် ပြန်ဖြေတာကို မစောင့်ပဲ ထွက်သွားသည်။ သူတစ်ယောက်ထဲသွားလျှင် မသင့်တော်ဘူးဟု ထင်တာကြောင့် အဲလ်ဗစ်ကို အချက်ပြပြီးနောက် လီယိုနာ့ဒ်နောက်သို့ လိုက်သွားသည်။

သူတို့နှစ်ယောက် ထွက်သွားတာနဲ့ အဲလ်ဗစ်နဲ့လီရာက သူတို့မျိုသိပ်ထားသော ဒေါသတွေကို ဖွင့်ချလိုက်သည်။

အဲလ်ဗစ်က ဂူမန်မန်၏ ခါးကို ဖက်ရင်း မေးလိုက်သည်

" အဲ့ဒါဆို ဆုံးဖြတ်လို့က ပြီးသွားပြီပေါ့ ဟုတ်လား။ သူနဲ့ ပါတနာဖြစ်ဖို့က ကိုယ်တို့ နဇိုင်းရယ်ကိုပြန်တဲ့အချိန်လို့ သတ်မှတ်ထားတာလား ဟမ်"

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora