အခန်း (၇၉၃) : ကျမရဲ့ အမျိုးသားကို တစ်ခြားသူတွေ အနိုင်ကျင့်တာ ကျမ လုံးဝ မကြိုက်ဘူး
ဂူမန်မန်က သူ့ကိုမြင်ပြီး စိတ်လှုပ်ရှားမှု အပြည့် ဖြစ်နေသည်။ အခုက သူမရဲ့ ယောက္ခထီးကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်ပေသည်။
“ တမန်တော်” အဲလ်ဗစ်၏ အဖေက အရင်ဆုံး စပြောလိုက်ပြီး ဂူမန်မန်ကို အရိုအသေပေးလိုက်သည်။
ဂူမန်မန် အတော်လေး နေရခက်သွားသည်။ သူမနဲ့အတူ အဲလ်ဗစ်ကိုပါ အောက်ဆင်းစေချင်သောကြောင့် အဲလ်ဗစ်၏ လည်ပင်းကို သိုင်းဖက်ထားလိုက်သည်။
သူမက အဲလ်ဗစ်အဖေကို တစ်ခုခုကိုပြောဖို့လုပ်နေစဉ် အဲလ်ဗစ်က အရင်ပြောလိုက်သည်
“ ဟား….ဟား…ခင်ဗျားက ဒီကိုတစ်ယောက်ထဲ လာရဲတယ်။ အသက်အရွယ်အရ တကယ်ရူးသွားတဲ့ပုံပဲနော်”
ဂူမန်မန် ထိတ်လန့်သွားပြီး ဘာပြောရမယ်ဆိုတာကိုပင် မသိတော့ပေ။
၁၆နှစ်လေ……
အဲလ်ဗစ်က အခု ပြန်ပြီး ပုန်ကန်တတ်တဲ့ အရွယ်ရောက်နေပြီလား
ရှင့်ရဲ့ပုခုံးပေါ်က ဒဏ်ရာနဲ့တော့ ရှင်နဲ့ကျမရဲ့ကွာခြားချက်ကို နားလည်အောင်လုပ်လို့မရဘူးလေ
ဂူမန်မန်မျက်မှောင်ကြုတ်လိုက်မိသည်။
အဲလ်ဗစ်က ကန်ဝူကို ထိန်းတဲ့ နည်းလမ်းကလည်း သူ့အဖေဆီက သင်လာတာလား။ သူ့မိသားစုက အဲ့လိုမျိုး နားဝင်မချိုအောင် ပြောနေကြလား
အဲလ်ဗစ်က ဂူမန်မန်ကို လီရာဆီ အပ်လိုက်ပြီး သူ့အဖေဆီ လမ်းလျှောက်လာလိုက်သည်။ သူနဲ့ အလှမ်းအနည်းကွာတွင် ရပ်လိုက်ရင်း တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေကြသည်။
“ အမျိုးသားတစ်ယောက်အနေနဲ့ အမျိုးသမီးတစ်ယောက်ကို ရဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ ငါ့ရဲ့ ရူးကြောင်ကြောင်သားကတော့ ဒီလိုအဓိပ္ပာယ်မရှိတာတွေနဲ့ ပိတ်မိနေတုန်းပဲ။ ငါ မင်းကို အများကြီးမျှော်လင့်ထားခဲ့တာကို မင်းက မလုပ်နိုင်ခဲ့ဘူးပဲ”
အဲလ်ဗစ်က မဲ့ပြုံးပြုံးကာ လည်ပင်းကို ချိုးလိုက်ပြီး တိုက်ခိုက်ဖို့ပြင်လိုက်သည်။ သူ့ရဲ့သနားညှာတာခြင်း ကင်းမဲ့သော ပုံစံကိုပါ မြင်နေရသည်။
VOCÊ ESTÁ LENDO
အလှလေး ရှောင်မန် Book 5 (645- 994)
Romancesequel of book 4 translation of Beauty and the beast wolf hubby xoxo all crd to original Author su yujin you can read in webnovel