အခန်း (847 & 848)

496 72 0
                                    

အခန်း (၈၄၇) : အာဏာရှင်စီနီယာနှင့် ကျမ ချစ်ကျွမ်းဝင်ခြင်း

“ ကိုယ့်ကို မုတ်ဆိတ်ရိတ်ပေး” စနိတ်ခ်က မုတ်ဆိတ်ရိတ်စက်ကို ဂူမန်မန်ဆီပေးလိုက်သည်။

ဂူမန်မန်က မုတ်ဆိတ်ရိတ်စက်ကို ကြောင်တောင်တောင်ဖြင့် ယူလိုက်သည်။ သူမရဲ့ ဘဝမှာ အခုလိုပစ္စည်းမျိုး မကိုင်ခဲ့ဖူးပေ။

ကြည့်ရတာ အရမ်းထက်တဲ့ပုံပဲ……အကယ်၍ သူ့ကို ဒဏ်ရာရအောင်လုပ်မိရင်……သူ့ကို ဘယ်လောက်လျော်ပေးရမှာလဲ

“ မလုပ်ချင်ဘူးလား” စနိတ်ခ်က သူမကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

သူက စာမျက်နှာ ၇၊ စာပိုဒ် ၉က လေးကြောင်းမြောက်ကို ထုတ်ပြောတော့မှာကို မြင်ယောင်နေတာကြောင့် ဂူမန်မန်က အမြန်စဉ်းစားကာ ပြောလိုက်သည်

“ မဟုတ်ပါဘူး…..မဟုတ်ဘူး။ ရှင်က အရမ်း အရပ်ရှည်နေလို့ပါ”

စနိတ်ခ်က ဂူမန်မန်၏ခါးကို ဖက်ကာ ချီလိုက်ပြီး သူမကို ဘေစင်ရှိရာသို့ တင်ပေးလိုက်သည်။

စနိတ်ခ်က သူ့ရဲ့ကျစ်လစ်ခိုင်မာသောခါးကို ဂူမန်မန်၏ ခြေထောက်နှစ်ချောင်းကြားတွင် ထားကာ ရှေ့သို့တိုးလိုက်ပြီးပြောသည်

“ ဒီမှာ ဒီလောက် အမြင့်ဆိုရင် ကွက်တိပဲ”

ဂူမန်မန်က စနိတ်ခ်ကို တွန်းလွှတ်ကာ ပြောလိုက်သည်

“ မဟုတ်သေးဘူး…….စီနီယာ ကျမ အနားကို အရမ်းကြီးမကပ်နဲ့လေ”

စနိတ်ခ်က ဂူမန်မန် ရှက်နေတာကို မသိသည့်ပုံဖြင့် ပြောလိုက်သည်

“ ကိုယ်သာ အနားမကပ်ရင် မင်းက ဘယ်လိုရိတ်ပေးမှာလဲ”

ဂူမန်မန်က အရမ်းစိတ်လှုပ်ရှားနေသည့်အတွက် အသက်ရှူပင် မမှန်ချင်တော့ပေ။ ထို့နောက် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်

“ ကောင်းပြီလေ…….စီနီယာ…..ကျမ ဒီစက်ကို ဘယ်လိုသုံးရမယ်ဆိုတာ တကယ်မသိဘူး။ ဘာလို့…..”

“ ကိုယ် မင်းကို သင်ပေးရမလားဟမ်” စနိတ်ခ်က ဂူမန်မန်၏ လက်ကိုဆုပ်ကိုင်ကာ မျက်နှာထက်မှာ လှုပ်ရှားလိုက်တော့ ဆပ်ပြာမြှုပ်တွေ မရှိတော့ပဲ သန့်စင်ပြီး ဆွဲဆောင်မှုရှိသော မျက်နှာလေးကို တွေ့လိုက်ရသည်။

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora