အခန်း (၉၀၇) : သူတို့ကို ကုတင်ပေါ်မှာ အတူရှိနေတာ တွေ့လိုက်တယ်
ဂူမန်မန်က စဉ်းစားချင်ယောင်ဆောင်လိုက်ပြီး အတော်ကြာမှ စန္ဒီကို ကြည့်ကာ ပြုံးပြပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်
“ အင်း….ကောင်းပြီလေ။ ငါ့ရဲ့ တန်ဖိုးရှိလှတဲ့စန္ဒီလေးက ပြောနေမှတော့ ငါ သူ့ကို စွန့်မပစ်တော့ဘူးနော်”
ကိုးလ်က ဂူမန်မန်ရဲ့ ပါတနာလည်း မဟုတ်ခဲ့ပေ။ အဲ့တာကြောင့် စွန့်ပစ်ချင်ရင်တောင် လုပ်နိုင်တဲ့ကိစ္စမဟုတ်ပေ။
ထို့ကြောင့် ဂူမန်မန်က စန္ဒီကို လိမ်နေသည်ဟု သတ်မှတ်လို့မရပေ။
စန္ဒီက သက်ပြင်းချကာ ပြောလိုက်သည်
“ ဂူမန်မန် နင် စိတ်တိုနေရတဲ့ အကြောင်းအရင်းကို ငါသိနေသင့်တယ်လို့ ထင်ပေမဲ့ ငါ ပြန်စဉ်းစားလို့မရဘူး ဖြစ်နေတယ်။ နင်နဲ့ ကိုးလ်ကြားမှာ ဘာဖြစ်ခဲ့လဲဆိုတာရယ်…နင်က သူ့ကို ဘာကြောင့် အိမ်ပြန်မလာခိုင်းရလဲဆိုတာရယ်ပေါ့။ ပြီးတော့ ကိုးလ်က မြေခွေးဖြစ်ပြီးတော့ ချီရွှမ်က ဝံပုလွေလေ။ ဒါပေမဲ့ ချီရွှမ်က နင်နဲ့ ကိုးလ်ရဲ့သားဆိုပြီးတော့ ငါက ဘာကြောင့် ထင်နေရတာလဲ…..”
ဂူမန်မန် ခပ်ဖွဖွရယ်ကာ ပြောလိုက်သည်
“ ဒါက နင် စဉ်းစားလို့ မရတဲ့အရာပေါ့ ဟုတ်လား”
စန္ဒီက မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ သူမရဲ့ပြဿနာကို ဖြေရှင်းပေးဖို့အတွက် စောင့်နေသည်။
ဂူမန်မန်က ခေါင်းကို တဆတ်ဆတ်ညိတ်ကာ ပြောလိုက်သည်
“ ငါက သားရဲနတ်ဘုရားရဲ့ သမီးလေ အဲ့တော့ သားရဲပေါင်းတစ်ရာလောက်ရဲ့ မျိုးရိုးဗီဇတွေ ပေါင်းစပ်ထားတာ။ ငါ့ရဲ့ကလေးအများစုက အဖေဖြစ်သူနဲ့ တူမှာဆိုပေမဲ့လည်း တစ်ချို့ကကျတော့ ငါ့ရဲ့ မျိုးရိုးဗီဇလည်း ပါသွားတာနေမှာပေါ့။ ဟဲတျဲနဲ့ သူ့ညီနှစ်ယောက်က အဲလ်ဗစ်နဲ့ တူပေမဲ့ ချီရွမ်ကတော့ ငါနဲ့တူတာနေမှာပေါ့။ အင်း…..ငါ နောက်ထပ် လီရာရဲ့ ကလေးမွေးတဲ့အခါကျရင် ဝက်ဝံပေါက်လေးတွေလည်း ဖြစ်နိုင်လောက်တယ်”
ČTEŠ
အလှလေး ရှောင်မန် Book 5 (645- 994)
Romancesequel of book 4 translation of Beauty and the beast wolf hubby xoxo all crd to original Author su yujin you can read in webnovel