အခန်း (801 & 802)

562 85 0
                                    

အခန်း (၈၀၁) : ငတုံးကတော့ ငတုံးပဲ ဆက်ဖြစ်နေမှာ

“ ဘာ အမှန်တရားလဲ” ပီတာက မေးလိုက်သည်။

ပီတာက အဲ့တာကို ဝန်မခံချင်မှန်း ပီတာ၏ မျက်နှာထားကို ကြည့်ရုံဖြင့် ဂူမန်မန် သိလိုက်သည်။

“ သူမ ပြောတာကတော့ သူမကသာ ရှင့်ကို လေလွင့်သားရဲဖြစ်အောင် လုပ်ခဲ့တာတဲ့။ ဒါကြောင့် ရှင်တို့က ပါတနာတွေ ဖြစ်သွားတာမလား။ ရှင့်မှာ သူမအတွက် ပြင်းထန်တဲ့ ခံစားချက်တွေ ရှိနေသေးမှန်း ကျမ မြင်ရတယ်။ သူမကို ကြည့်ရတာလည်း အကြောင်းမရှိ အကြောင်းရှာနေတဲ့သူနဲ့ မတူဘူး။ ပါတနာ အမှတ်တွေ ပျောက်အောင် လုပ်လိုက်တယ်ဆိုတာကရော ဘာလဲ”

ပီတာက ခါးသီးစွာရယ်ရင်း ဂူထဲသို့ အကြည့်ပို့ကာ ပြောလိုက်သည်

“ သူမက မင်းကို တကယ် စကားပြောခဲ့တာပဲ….”

ဂူမန်မန် သက်ပြင်းချကာ ပြောလိုက်သည်

“ ကျမကို ပြောဖို့ဆန္ဒမရှိရင် ကျမ ဖိအားမပေးပါဘူး။ ဒါပေမဲ့ ကျမ ပွင့်ပွင့်လင်းလင်းပြောပြရမယ်ဆိုရင် သူမက ဒီဆောင်းတွင်းကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။ ကျမ ရှင့်ကို သမုဒ္ဒရာရဲ့အနမ်းကိုပေးလိုက်ရင်တောင် သူမရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် အဲ့ဒီဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး။ သူမကို အဲ့လိုအတင်းအကြပ်လုပ်ခိုင်းမယ်ဆိုရင် သူမ သေသွားလိမ့်မယ်”

ပီတာ မျက်မှောင်ကြုတ်ကာ ဂူမန်မန်ကို စိုက်ကြည့်နေသည်။ ထိုအမျိုးသမီးကို သေမယ်ဟုပြောသောကြောင့် မကျေမနပ်ဖြစ်နေခြင်းပင် ဖြစ်သည်။

သို့သော်…..

သူမ သေမယ်လို့ပြောတဲ့ အမျိုးသမီးလေးကလည်း လအတော်ကြာ စကားမပြောခဲ့တဲ့သူမကို စကားပြန်ပြောအောင် လုပ်ပေးနိုင်ခဲ့သူပင် ဖြစ်နေပြန်သည်။

သူမမှာ နည်းလမ်းရှိနိုင်လောက်လား

သူ့ရဲ့ မနှစ်မြို့မှုကို ထိန်းချုပ်ရင်း ပီတာက ပြောလိုက်သည်

“ ကွာရှင်းတယ်ဆိုတာက…..အစကတည်းက သူမက ငါ့ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဖူးလို့။ ငါဘာပဲလုပ်လုပ်….သူမက ငါ့ကိုဆန့်ကျင်တယ်။ ငါ့ကိုမြင်တာနဲ့ ထွက်ပြေးနေပြီး ငါ့ကို အခွင့်အရေးလုံးဝ မပေးခဲ့ဘူး။ ဒါကြောင့်…..သူမကို အတင်းရယူခဲ့တာ”

အလှလေး ရှောင်မန် Book 5 (645- 994)Donde viven las historias. Descúbrelo ahora