အခန်း (၈၄၉) : ကျမက ကြာပန်းဖြူလေး မဖြစ်နိုင်ဘူးဆိုရင် ကြာရိုးပဲပေါ့
သားရဲနတ်ဘုရားက ဂူမန်မန် အနားတိုးကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။
ဂူမန်မန် ဘာမှထပ်မပြောဘဲ ခေါင်းညိတ်ပြကာ ထွက်သွားဖို့လုပ်လိုက်သည်။
သားရဲနတ်ဘုရားက သူမရဲ့ကျောဘက်ကို ကြည့်ကာ ပြုံးနေရင်း သူမ ပျောက်ကွယ်သွားတော့မှ ပြောလိုက်သည်
“ မင်းရဲ့အဖေနဲ့အတူ တီဗီလာကြည့်ဖို့ မမေ့နဲ့ဦးနော်….”
ဂူမန်မန် အိပ်ရာက နိုးထလာချိန်မှာတော့ နဇိုင်းရယ်က အိမ်ကို ပြန်ရောက်နေမှန်း သိလိုက်ရသည်။
အဲလ်ဗစ်နဲ့ လီရာတို့က ဘေးမှာမရှိပဲ ဝါဘယ်တစ်ယောက်ထဲသာ ရှိသည်။
ဒါက အတော်ထူးဆန်းတယ်……အဲ့ဒီနှစ်ယောက်က သူမကို လူပျိုအမျိုးသားတစ်ယောက်နဲ့ ထားခဲ့နိုင်လို့လား
ဂူမန်မန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်
“ ဘာဖြစ်လို့လဲ”
ဝါဘယ်က မျက်လုံးဖွင့်လိုက်သော်လည်း ဂူမန်မန်၏ အကြည့်ကို ရှောင်လွှဲရင်း ပြောလိုက်သည်
“ ဘာမှမဖြစ်ပါဘူး”
ဂူမန်မန်က ခပ်ဖွဖွရယ်ကာ ပြောလိုက်သည်
“ ကျမရဲ့ စိတ်က ရှင့်ထက် အသက်၂၀၀လောက်ပိုကြီးတယ်နော်။ ရှင်က ကျမရှေ့မှာ လာလိမ်နေသေးတယ်”
ဝါဘယ်က မော့ကြည့်ကာ ပြောလိုက်သည်
“ တစ်ခုခုတော့ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ မင်းကို ငါ မပြောပြချင်ဘူး။ မင်းရဲ့အမျိုးသားတွေ ပြန်လာမှ သူတို့ကို မေးလိုက်”
ဂူမန်မန် ဆွံ့အသွားရသည်။
အင်း ဝါဘယ်က သူမကို ဂရုစိုက်ပါတယ်….ဒါပေမဲ့ အဲ့တာကလည်း စနိတ်ခ်ကြောင့်ပဲလေ။ သူတို့ကြားမှာ သူငယ်ချင်း သံယောဇဉ်ဆိုတာမျိုးရော ရှိရဲ့လား။ ဝါဘယ်က အဲလ်ဗစ်လည်း မဟုတ်သလို လီရာလည်း မဟုတ်ပေ။ သူက နဇိုင်းရယ်မျိုးနွယ်စုဝင်လည်း မဟုတ်ပေ။ သူ့ကို ချုပ်နှောင်ထားလို့မရပေ။
أنت تقرأ
အလှလေး ရှောင်မန် Book 5 (645- 994)
عاطفيةsequel of book 4 translation of Beauty and the beast wolf hubby xoxo all crd to original Author su yujin you can read in webnovel