အခန်း (၇၃၅) : ဖေးလွေ့……ရေသူမျိုးနွယ်စု၏ မင်းသား
ဂူမန်မန်က စန္ဒီ၏လက်ကို လွှတ်ပေးကာ နောက်မှာ နေခိုင်းခဲ့လိုက်သည်။
စန္ဒီလည်း ခေါင်းညိတ်ပြလိုက်သည်။ ဂူမန်မန် ရှေ့တိုးသွားတာကို လည်ဆန့်ပြီး ကြည့်နေဆဲပင် ဖြစ်သည်။
ဂူမန်မန်က ရေတွင်း၏ ဘေးသို့သွားကာ ကျောက်တုံးကို ပုတ်ကြည့်လိုက်သည်။သူမသာ အရင်တုန်းကလိုဆိုရင် သေချာပေါက် လက်လျှော့မိမည်။
သို့သော် အခုတော့……
တစ်ချက်ထဲနဲ့ ကျောက်တုံးကို မကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ဂူမန်မန် ရေတွင်းထဲကို ချောင်းကြည့်လိုက်သောအခါ ဘာမှမမြင်ရပဲ ရေတွေသာ ပန်းထွက်လာသည်။
စနိတ်ခ်၏ ကျေးဇူးကြောင့် ဂူမန်မန် သတိကြီးလာသည့်အတွက် ချက်ချင်းရှောင်လိုက်နိုင်သည်။ ထိုအချိန်မှာပဲ ရေတွင်းထဲကသူကလည်း ဂူမန်မန်ကို မြင်သွားသည်
တိတ်ဆိတ်နေသော အချိန်တွင် ရေတွင်းထဲမှ အသံထွက်လာသည်
“ မင်းက တမန်တော်လား”အဲ့ဒီမှာ တစ်ယောက်ယောက် ရှိနေတာလား
ဒီနေရာက ချင်တိုင်းပြည်ရဲ့ ဒရမ်မာရိုက်ကူးတဲ့နေရာဖြစ်လာပြီလား။ တစ်ယောက်ယောက်ကို ရေတွင်းထဲပစ်ချပြီးတော့ အပေါ်ကနေ ကျောက်တုံးနဲ့ ပိတ်ထားတာလား။ အလောင်း ဖျောက်ဖို့အတွက်လေ
ဒါပေမဲ့ အဲ့လိုလည်း ဟုတ်ပုံမရပါဘူး။ နဇိုင်းရယ်ကသူတွေရော အနီးနားက မျိုးနွယ်စုကလူတွေကပါ ဒီရေတွင်းကို တန်ဖိုးရှိတဲ့အရာတစ်ခုလို သဘောထားကြတာလေ။ လူသတ်ဖို့နည်းတွေအများကြီး ရှိရဲ့သားနဲ့ ဒီလိုတော့ ဘယ်သူကမှ မလုပ်လောက်ပါဘူး
“ မင်းက ဘယ်သူလဲ” ဂူမန်မန်က ထိုသူမေးသောစကားကို အမေးဖြင့်သာ ပြန်ပြီး တုံ့ပြန်လိုက်သည်။
ရေပြင်ပေါ်သို့ ခေါင်းလေး ပေါ်လာရင်း ဂူမန်မန်ကို မော့ကြည့်ရင်း မေးလိုက်သည်“ မင်းက သားရဲနတ်ဘုရားရဲ့ တမန်တော်လားဆိုတာကို သိခွင့်ရှိမလား”
VOUS LISEZ
အလှလေး ရှောင်မန် Book 5 (645- 994)
Roman d'amoursequel of book 4 translation of Beauty and the beast wolf hubby xoxo all crd to original Author su yujin you can read in webnovel