အခန်း (731- 732)

609 82 0
                                    

အခန်း (၇၃၁) : အဲ့ဒီဝတ္ထုက ငါ့ကို ဘယ်တော့မှ စိတ်မပျက်စေဘူး
နဇိုင်းရယ်က လူတွေက ဂူမန်မန်ကို ဘယ်လာက်တောင် မျက်လုံးမှိတ်ယုံကြသလဲ
ဟမ်……
ဒီတူးတဲ့ကိစ္စနဲ့ ပတ်သက်ရင် သိလာရမှာပဲ
မျိုးနွယ်စုမှ အမျိုးသမီးတွေရော အမျိုးသားတွေပါ လာကြသည်။ သူတို့က အဲ့ဒီစက်ဝိုင်းအကြောင်းကို အရမ်းသိချင်နေကြပြီ  ဖြစ်သည်။
အမျိုးသမီး၁၈ယောက်က စက်ဝိုင်းကို သေချာကြည့်နေကြသည်။
အမျိုးသားတွေကတော့ အဲလ်ဗစ်ဘေးတွင်ရပ်ကာ သူ့အမိန့်ကို စောင့်နေကြသည်။
လေလွင့်သားရဲတွေနဲ့ တိုက်ခိုက်အပြီး ဂူမန်မန်၏ စိတ်မထိန်းချုပ်နိုင်မှုကြောင့် နဇိုင်းရယ်တွင် ပထမအဆင့်သားရဲများ မရှိတော့ပေ။
ဒီမှာရပ်နေသော သူတွေအားလုံးက အားကြီးသူများဖြစ်ကြသည်။
ဂူမန်မန် ဆွဲထားသော စက်ဝိုင်းအတိုင်းတူးဖို့ အဲလ်ဗစ်က အမိန့်ပေးလိုက်သည်။ ရှင်းပြချက်ဆိုတာမရှိပဲ အမိန့်သာရှိသည်။
အမျိုးသားတွေက လက်သည်းတွေကို ထုတ်ကာ စတင်တူးဆွနေကြသည်။
သူတို့ အရမ်းနက်တဲ့အထိ တူးစရာမလိုပေ။ သုံးမီတာ လေးမီတာလောက်ဆိုရင် လုံလောက်ပြီ ဖြစ်သည်။
သို့သော် တူးဆွစရာ လက်နက်မရှိတာကြောင့် လက်ဖြင့် တူးဆွရသည့်အတွက် အနည်းငယ်တော့ ခက်ခဲလှသည်။
သူမက အမျိုးသားတွေကို အလုပ်ခိုင်းထားတယ်ဆိုတော့ အမျိုးသမီးတွေကို ဂရုစိုက်ပေးဖို့ အချိန်ရောက်သွားပြီ  ဖြစ်သည်။
ကံကောင်းစွာဖြင့် အမျိုးသမီးတွေအကုန်လုံးက ဂူမန်မန်၏ အမာခံ ပရိသတ်တစ်ယောက်ပင်ဖြစ်သည်။ သူမကို ဝိုင်းထိုင်လိုက်ကြပြီး သူမ ပြောပြမဲ့ပုံပြင်တွေကို နားဆင်ဖို့အတွက် စောင့်နေကြသည်။
သို့သော် ဒီတစ်ခါတော့ သူတို့က ယူရှီဂျင်းအကြောင်းကို မကြားချင်ကြပေ။ စနိတ်ခ်အကြောင်းကိုသာ နားထောင်ချင်နေကြသည်။ မြွေဘုရင်တောင်ကြားမှာ ဂူမန်မန် ကြုံတွေ့ခဲ့ရသည်များက တောမီးလိုမျိုး ပျံ့နှံ့နေသည်။ သို့သော် ဘယ်တစ်ခုကမှ မှန်ကန်ခြင်း မရှိပေ။ တစ်မျိုးစီကို အသေးစိတ် သိချင်နေကြသည်။ ဂူမန်မန် ပြောပြတာကို နားထောင်ရမဲ့ အခွင့်အရေးက နည်းတာကြောင့် လက်ရ ဖမ်းဆုပ်ထားကြသည်။
ဂူမန်မန်လည်း သူတို့ကို မငြင်းရက်တာကြောင့် သူမ မြွေဘုရင်တောင်ကြားမှာ သတိပြန်ရလာတဲ့အချိန်ကစပြီး ပြန်ပြောလိုက်သည်။
ဘယ်လိုဝင်သွားလဲဆိုတာကိုတော့ သူမ မပြောနိုင်ပေ……
အီရန်ရဲ့ ကျောပေါ်မှာစီးနင်းခဲ့တာကို ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးဟု ကတိပေးထားသည်။
အယ်လီ သူမကို သတ်ဖို့ကြိုးစားတဲ့နေရာကို ရောက်တော့ အမျိုးသမီးတွေ အကုန်လုံးက ဒေါသဖြင့် ပြောကြသည်
“ တမန်တော်ကသာ သူ့ကို နေခွင့်မပေးခဲ့ရင် လေလွင့်သားရဲတွေရဲ့ လက်ထဲကို ပါသွားခဲ့မှာလေ။ အဲ့တာကိုပဲ သူမက ဆိုးသွမ်းစွာ ပြုမူနေတုန်းပဲလား”
“ သူမက သားရဲအစစ် ဖြစ်ပါလျက်နဲ့ သားရဲတစ်ပိုင်းဆိုပြီး လိမ်လည်ပြီး မျိုးနွယ်စုထဲကို ဝင်ရောက်လာခဲ့တာပဲ။ သူမမှာ အစကတည်းက မကောင်းတဲ့ ရည်ရွက်ချက်တွေ ရှိခဲ့တာပဲ”
“ သူမက စန္ဒီဆီကို ဘာလို့ အမြဲသွားနေလဲဆိုပြီးတော့ တွေးနေခဲ့တာ။ ဒါဆို သူမက ကြားဝင်ပြီး ရန်ဖြစ်အောင် လုပ်နေတာပေါ့။ တော်သေးတယ် စန္ဒီက မယုံလို့ မဟုတ်ရင်တော့…..”
သူတို့ရဲ့ မှတ်ချက်တွေကို သူမ မတုံ့ပြန်တော့ပေ။
အယ်လီအတွက် အမုန်းတရားလား
သူမမှာ အဲ့လိုလုပ်ဖို့ အခွင့်မှမရှိတာ
ဒါက မတူညီတဲ့အခြေအနေတွေပဲလေ
အဲ့လို သနားစရာကောင်းလောက်အောင် အရိုက်ခံရတဲ့ အခြေအနေအတွက် သူမကိုယ်သူမသာ အပြစ်တင်ရတော့မည်။
သူမကြောင့်ပဲ အဲလ်ဗစ်နဲ့ လီရာတို့လည်း မိတ်ဖက်စည်းမျဉ်းရဲ့ အပြစ်ပေးမှုကို ခံရမလို ဖြစ်ခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူမက သေသွားပြီဆိုတော့ နစ်နာစေတဲ့အရာတွေ အကုန်လုံးက အတိတ်မှာပဲ ဖြစ်သင့်သည်။
သေပြီးသားလူနဲ့ အမုန်းပွားနေရတာလည်း မတန်ပါဘူး။ ပြီးတော့ သူမကို ဘယ်လောက်ပဲ မုန်းနေပါစေ သူမကို အသက်ပြန်ရှင်အောင်လုပ်ပြီး သတ်လို့လည်း မရပြန်ဘူးလေ
ထိုအကြောင်းအရာက အမျိုးသမီးတွေ အတွက် ပြောစရာတစ်ခုရသွားသလိုပင် အကျိတ်အနယ်ကို ပြောနေကြသည်။
ဂူမန်မန်က သူတို့ကို မူလပြောနေသော အကြောင်းအရာဆီသို့ ပြန်ဆွဲခေါ်ရန် စိတ်ကူးမရှိပေ။ အယ်လီအကြောင်းကိုသာ ဆက်ပြီးပြောခိုင်းလိုက်သည်။
ရေတွင်းတူးနေသော နေရာက အမျိုးသားတွေဆီမှ အော်သံတွေ ထွက်လာသောအခါမှသာ အမျိုးသမီးတွေလည်း သူတို့ ဆွေးနွေးနေတာတွေကို ရပ်လိုက်သည်။
ဂူမန်မန်က ရေတွင်းနားသွားကာ ငုံ့ကြည့်ပြီး ပြုံးလိုက်သည်။
အဲ့ဒီ ဝတ္ထုက ငါ့ကို ဘယ်တော့မှ စိတ်မပျက်စေဘူး။

အလှလေး ရှောင်မန် Book 5 (645- 994)Tahanan ng mga kuwento. Tumuklas ngayon