အခန်း (729 - 730)

640 81 1
                                    

အခန်း (၇၂၉)

ဂူမန်မန်က သူတို့ကို ကိုးလ်အကြောင်း ပြောပြလိုက်တော့ လီရာက  ပြုံးကာ သူမ၏ ခေါင်းလေးကို ပုတ်ရင်း ပြောလိုက်သည်
“ စိတ်မပူပါနဲ့ ကိုးလ်က ချီရွှမ်ကို ရေကောင်းကောင်း  ရတဲ့နေရာကို ခေါ်သွားတာပါ။ သူက အခုတော့ လေလွင့်သားရဲ ဖြစ်နေပေမဲ့ သက်တောင့်သက်သာဖြစ်တဲ့ လူနေမှုပုံစံမျိုးနဲ့ အသားကျနေပြီးသားသူ တစ်ယောက်ပဲလေ။ သူက ဘယ်တော့မှ ရေငတ်ခံမှာမဟုတ်ဘူး”

“ တကယ်လား” ဂူမန်မန်က သံသယဖြင့် မေးလိုက်သည်။

လီရာကတော့ အာမခံကြောင်း ခေါင်းညိတ်ပြသည်။

လီရာက အမြဲတမ်းမှန်သည်။ ကိုးလ်ကိုလည်း နားလည်တဲ့သူဖြစ်သည်။

ထိုအတွေးကြောင့် ဂူမန်မန် စိတ်အေးသွားရသည်။

ဂူမန်မန်က လီရာရဲ့ မျက်နှာလေးကို ကိုင်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်
“ ရှင် ဘာလို့ အဲ့လောက် မျက်နှာချောင်ကျသွားရတာလဲ။ ကျမ နှစ်ရက်လောက်ပဲ အိပ်လိုက်တာကို ရှင့်ရဲ့ မျက်ကွင်းညိုညိုတွေက တန်းပြီးပေါ်လာတာပဲ”

သူ့ကို စိတ်ပူပေးသောကြောင့် လီရာရဲ့ နှလုံးသားလည်း နွေးထွေးသွားရသည်။ သူက ပိုပြီးအားနည်းသောပုံလုပ်လိုက်ရင်း သူ့အမြီးဖြင့် ဂူမန်မန်၏ ခါးကိုဖက်ကာ ‘အဟွတ် ဟွတ် ငါ့ကို ပိုပြီးဂရုစိုက်ပေးပါ’ဆိုသော မျက်နှာထားဖြင့် ညည်းညူကာ ပြောလိုက်သည်
“ ပိုင်နက်ထဲမှာ ရေရင်းမြစ်တွေ မလောက်လို့ ပြီးခဲ့တဲ့နှစ်ရက်လုံး ရေရနိုင်မဲ့ နေရာတွေကို လိုက်ရှာထားရတာ။ ဒါပေမဲ့ မတတ်နိုင်ဘူး….ကြည့်ပါဦး ကိုယ့်ရဲ့ခြေထောက်တွေလည်း နာနေပြီ။ နှိပ်ပေးဖို့အတွက် မန်မန်ကို လိုအပ်တယ်”

သူ့မှာ နောက်ပြောင်ဖို့တောင် စိတ်ရှိသေးတယ်ဆိုရင်တော့ သူက ပင်ပန်းနေပုံပေါ်ရင်တောင် အဆင်ပြေမယ်မှန်း သူမ သိသည်။

ထို့ကြောင့် သူမက သူ့ကို တွန်းကာ အဲလ်ဗစ်ရင်ခွင်ထဲဝင်ရင်း မေးလိုက်သည်
“ အရင်တုန်းကရော ဘယ်လိုအခြေအနေမျိုးရှိလဲ”

လီရာလည်း နောက်ပြောင်နေတာကို ရပ်လိုက်ရင်း လေးနက်စွာဖြင့် ပြောလိုက်သည်
“ အရင်တုန်းကတော့ အမျိုးသမီးသုံးယောက်နဲ့ အမျိုးသားက တစ်ရာကျော်လောက်ပဲ ရှိတာလေ။ ဒါပေမဲ့ ဒီနှစ်မှာတော့ အမျိုးသမီး၁၉ယောက်နဲ့ အမျိုးသားက အယောက် ၃၀၀ထက်မှာ ရှိနေတယ်။ အဲ့တာကြောင့်………..”

အလှလေး ရှောင်မန် Book 5 (645- 994)Where stories live. Discover now