အခန်း (839 & 840)

519 71 3
                                    

အခန်း (၈၃၉) : ကိုးလ်ပြောသော အမှန်တရား

နယ်တလီ၏ မျက်လုံးတွေ နီရဲလာပြီး မျက်ရည်တွေလည်း ဝဲနေသည်။ သူမက အဲလ်ဗစ်ရဲ့ပုခုံးကို ရင်နာစွာဖြင့် ကြည့်နေသည်။ ဒဏ်ရာက လုံးဝ အရှင်းပျောက်ပြီး သွားရာပင်မကျန်တော့သော်လည်း နယ်တလီကတော့ ဒဏ်ရာ၏ ပုံရိပ်ကို မြင်နေပုံရသည်။

နယ်တလီက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ထွက်ပြေးသွားသည်။

ပီတာက ဂူမန်မန်ကို စိုက်ကြည့်လိုက်သော်လည်း သူမက ပုခုံးကိုတွန့်ကာ ပြောလိုက်သည်

“ ရှင် လိုက်မသွားရင် သူမ ထွက်ပြေးသွားလိမ့်မယ်နော်”

ပီတာလည်း နောက်ပင်ပြန်လှည့်မကြည့်နိုင်လောက်အောင် အမြန်လိုက်သွားသည်။ နယ်တလီ စိတ်ဆိုးသွားတာကို ပီတာက သူ့နည်းလမ်းနဲ့သူ ဘယ်လိုဖြေရှင်းမလဲဆိုတာကို လက်ပိုက်ပြီးကြည့်နေသည်။ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်ပျောက်သွားတဲ့အထိ ကြည့်ပြီးမှ ဂူမန်မန်က အဲလ်ဗစ်ရဲ့ရင်ခွင်ထဲမှီကာ ပြောလိုက်သည်

“ ကျမတို့ နဇိုင်းရယ်ကို ပြန်ရအောင်”

အဲလ်ဗစ်လည်း ဘာမှမပြောပဲ ဂူမန်မန်ကို ချီကာ နဇိုင်းရယ်ကို ပြန်ဖို့ဦးတည်လိုက်သည်။

လီရာက ဂူမန်မန်၏မျက်နှာလေးကို ထိတွေ့ရင်း ပြောလိုက်သည်

“ ဘာလို့ အရမ်းပျော်နေရတာလဲ”

ဂူမန်မန်က ထိန်းထားမလို့ လုပ်သော်လည်း လီရာက ပြောလိုက်တာကြောင့် မထိန်းနိုင်တော့ပဲ ရယ်လိုက်ကာ ပြောသည်

“ ယောက္ခမတွေအတွက် အောင်သွယ်တော် ပြန်လုပ်တယ်ဆိုတာက သမိုင်းမှာ ကျမက ပထမဆုံးပဲ ဖြစ်လိမ့်မယ်။ ကျမက ချွေးမပီသတယ်လို့ ပြောလို့ရတယ်မလား”

လီရာက မျက်ခုံးကို ပင့်တင်ရင်း ပြောလိုက်သည်

“ ကိုယ် နားမလည်ဘူး။ မင်းက သူတို့ကို ပေါင်းစည်းစေချင်နေတာလား ကွဲကွာအောင် လုပ်နေတာလား”

ဂူမန်မန်က အဲလ်ဗစ်၏ပုခုံးပေါ်သို့မှီကာ ခပ်ဖွဖွရယ်ရင်း ပြောလိုက်သည်

အလှလေး ရှောင်မန် Book 5 (645- 994)Tempat cerita menjadi hidup. Temukan sekarang